Wednesday, January 16, 2013

ကွမ်ပနီ၏ အနီကတ် အတွက် မန်စီးတီး၏ အယူခံ အောင်မြင်

Ever November | 1/16/2013 10:26:00 AM | Best Blogger Tips
အယူခံ အောင်မြင်ခဲ့သည့် ကွမ်ပနီ

မန်ချက်စတာ စီးတီး အသင်းသည် ၎င်းတို့၏ အသင်းခေါင်းဆောင် ဗင်းဆင့်ကွမ်ပနီ အတွက် အနီကတ် ပယ်ဖျက်ပေးရန် အယူခံဝင်မှု အောင်မြင်သွားပြီ ဖြစ်သည်။
အာဆင်နယ်နှင့် ကစားသည့် ပွဲစဉ်တွင် ဂျက်ဝီလ်ရှိုင်းယားကို ခြေစုံဝင် ဖျက်ထုတ်သည်ဟု ယူဆကာ ဒိုင်လူကြီး မိုက်ခ်ဒင်းက ဘယ်လ်ဂျီယံ လက်ရွေးစင်အား တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။ မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက အဆိုပါ ဖျက်ထုတ်မှုတွင် ခြေတစ်ချောင်းတည်းသာ အသုံးပြုကာ ဘောလုံးကိုသာ ဦးတည် ခဲ့သဖြင့် ပြစ်ဒဏ်ဘောပင် မဖြစ်ထိုက်ကြောင်း ဝေဖန်ခဲ့သေးသည်။ ထို့နောက် အင်္ဂလန် ချန်ပီယံ အသင်းသည် ကွမ်ပနီအတွက် အယူခံ ဝင်ဖြစ်ခဲ့ပြီး အဆိုပါ အယူခံမှာ အောင်မြင်မှု ရရှိခဲ့သည်။
ထို့ကြောင့် ကွမ်ပနီသည် အမ်းမရိတ်စ်တွင် (၂-၀)ဖြင့် အနိုင်ရစဉ်က ထိခဲ့သော အနီကတ်အတွက် နောက်ဆက်တွဲ သီးခြား ပွဲပယ် ပြစ်ဒဏ်မျိုး ကျခံရတော့မည် မဟုတ်ချေ။ FAက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် "လွတ်လပ်တဲ့ စောင့်ကြည့်စစ်ဆေးမှု ကော်မရှင် တစ်ရပ်က ကွမ်ပနီကို ထုတ်ပယ်မှုဟာ မှားယွင်းတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်"ဟု ဖော်ပြထားသည်။ ကွမ်ပနီသည် အယူခံ မအောင်မြင်ပါက (၃)ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခံရမည် ဖြစ်သော်လည်း ယခုအခါ စနေနေ့တွင် အစ်တီဟတ်၌ ဖူလ်ဟမ်ကို ရင်ဆိုင် ကစားမည့် ပွဲစဉ်၌ ပါဝင်ခွင့် ရရှိသွားပြီ ဖြစ်သည်။  
Ref: Sky Sports
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1