Wednesday, January 16, 2013

“နှစ်သစ်မှာအလှူတွေလုပ်တဲ့ မိုးဟေကို”

Ever November | 1/16/2013 10:29:00 AM | Best Blogger Tips

မိုးဟေကိုကဇန်နဝါရီ ၁ဝ ရက် နေ့မှာ သရုပ်ဆောင်စည်ဖြိုးနဲ့အတူ ကိုလူချောများအဖွဲ့ကိုဆန်အိတ် ၁ဝဝလှူဒါန်းခဲ့ပါတယ်။ ကိုယ်ပါဝင် နိုင် သလောက် တစ်တပ်တစ်အား ပါဝင် လှူဒါန်းခြင်းဖြစ်ကြောင်းကို မိုးဟေကိုက “ဒီနှစ်က တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြောရမလားမသိဘူး။ ပုဂံညောင်ဦး၊ ပုပ္ပား ဘက်ရောက်တော့လည်း ကိုယ် နိုင်သလောက် လေး လှူဒါန်းခဲ့ပါတယ်။ အခုလည်း ရန်ကုန်ရောက်ရောက်ချင်းမှာပဲ ဒီအလှူကိုကမ်းလှမ်း တော့လည်း လှူဖြစ်ခဲ့တယ်။ လှူဒါန်းရတဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ပီတိဖြစ် ပါတယ်။ ဘယ်လောကသားမဆို ကိုယ်နိုင်ရင်နိုင်သလောက် ဘယ်လောက် ပဲဖြစ်ဖြစ် လှူဒါန်းသင့်တဲ့ နေရာဒေသမရွေး လှူဒါန်းချင်တဲ့ စိတ်က အပြည့်အဝ ရှိပါတယ်”လို့ ပြောပါတယ်။

ပုပ္ပားဘက်ကို ဇာတ်ကားရိုက်ဖို့ သွားရင်းနဲ့ ဇန်နဝါရီ ၁ရက်နေ့မှာ ပုပ္ပားတောင် ကို ဘုရားသွားဖူးရင်း ဘုရားမှာ လိုအပ်တာတွေကို လှူဒါန်း ဖြစ်ခဲ့ကြောင်းပြောပါတယ်။
“ပုပ္ပားကို ပထမဆုံးဇာတ်ကား ရိုက်ရင်းနဲ့ ရောက်တာပါ။ ပုဂံ၊ညောင်ဦး၊ ပုပ္ပားကတော့ ဘုရားဖူးရောက်ပါတယ်။ ဇာတ်ကား ရိုက်ရင်းနဲ့တော့ တစ်ခါမှ မရောက်ဘူး။ ဇာတ်ကား ရိုက်ရောက်တော့လည်း ဇန်နဝါရီ(၁)ရက်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ရောက်တဲ့ နေရာ ဘုရားနယ်မြေမှာ လိုအပ် တာ လေးတွေ လှူဒါန်းဖြစ်ခဲ့တာပါ” လို့နှစ်သစ်မှာ လှူဒါန်းဖြစ် ခဲ့ကြောင်း ပြောပါတယ်။
နှစ်သစ်မှာ မိုးဟေကို ရဲ့ ခံစားချက်ကိုမေးတော့ ”ပျော်ပါတယ်။ နှစ်သစ်မှာတော၊တောင်၊ ရေမြေသဘာဝလေးတွေ ကြည့်တယ်။ စိမ်းလန်းစိုပြည်တယ်။ ဇာတ်ကားရိုက်ရင်းနဲ့လည်း ကိုယ့်ရဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ ပထမဦးဆုံးရောက်တာ ဆိုတော့ ပျော်ပါတယ်။ အဲဒီမှာ ဇာတ်ကား သွားရိုက်ရတာတော့ အမှတ်တရပါပဲ။ ကိုယ်ကိုယ်တိုင် မသွားနိုင်တဲ့နေရာတွေ မျောက်တောတို့၊ မန်ကျည်းတော တို့ဆိုတဲ့ နေရာမျိုးတွေက ဘုရားဖူး သွားမယ် ဆိုရင်တောင် ကိုယ်မရောက်တဲ့ နေရာဒေသ ဆိုတော့ ဇာတ်ကားရိုက်နဲ့ ရောက်တော့ အမှတ်တရပါပဲ။ ဘယ်မနေရာမဆို ကြည့်လိုက်ရင် စိမ်းလန်းစိုပြည်ပြီး လှတဲ့ ပုပ္ပားတောင်ကြီးကို မြင်ရတယ်။ ကြည်နူးစရာ တစ်ခုပါပဲ။ သူငယ်ချင်းဖူးဖူး ကလည်း ဘုရားဖူးထွက်တဲ့ သဘော အနေနဲ့ အတူ လိုက်လာတယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်

Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1