Wednesday, January 16, 2013

"နှင်းဆီလို့ လက်မှတ်ထိုးထားတဲ့ ထောင်တန် ငွေစက္ကူတစ်ရွက် ၊ ငွေကျပ်ဆယ်သိန်း ဒါရိုက်တာ ညိုမင်းလွင်"

Ever November | 1/16/2013 11:23:00 AM | Best Blogger Tips

ဒါရိုက်တာ ညိုမင်းလွင်က “နှင်းဆီတစ်ထောင်” ဆိုတဲ့ဇာတ်ကားကို ပြေတီဦး၊ ဝတ်မှုံရွှေရည် တို့နဲ့ ရိုက်ကူး နေပါတယ်။ ပရိသတ်တွေ အတွက် ဇာတ်ကားတွေကို ဆက်တိုက် ရိုက်ကူးသွားမယ့် ဒါရိုက်တာညိုမင်းလွင် က သူရိုက်ကူးမယ့် ဇာတ်ကားတွေ နဲ့ ပတ်သက်ပြီး
“ပြေတီဦး နဲ့ ကျွန်တော် နဲ့ ၄နှစ်လောက် မဆုံဖြစ်ခဲ့ရာ ကနေ အခု ပထမဆုံးပြန်ဆုံတဲ့ ကားပါ။ ဇာတ်လမ်းကတော့ ကျွန်တော့် ပရိသတ်တွေ ကျွန်တော့်ကို ကြည့်ချင် ကြတဲ့ ပုံစံမျိုးပါပဲ။

ပရိသတ်အတွက် ကျေနပ်စရာ ကောင်းတဲ့ ဇာတ်ကား ဖြစ်မှာပါ။ ကျွန်တော် ဇာတ်ကားတွေ ကို တစ်ကားနဲ့ တစ်ကား ဆက်တိုက် လုပ်သွားမှာပါ။ တချို့ ပရိသတ်တွေ ဆို ကျွန်တော့် ဇာတ်ကားထဲက ဇာတ် ကောင် နာမည်ကိုပါ မှတ်မိပြီး ဒီနေ့ အထိမမေ့မလျော့ အားပေးကြတဲ့ ပရိ သတ်တွေလည်း ရှိတယ်။ ပရိ သတ် တွေကိုလည်း ကျွန်တော် တအားချစ် ပါတယ်”လို့ ပြောပြပါတယ်။

“နှင်းဆီတစ်ထောင်” ဇာတ်ကား ကို ညိုမင်းလွင်က သူရိုက်ကူးလေ့ရှိ တဲ့ ပဟေဠိ ဝှက်ထားတဲ့ ပုံစံလေးလည်း ပါသလို ဇာတ်ကား ထွက်တဲ့ အချိန်မှာ လည်း ပရိသတ်တွေ အတွက် အမှတ် တရ အစီအစဉ် ပါ လုပ်ထားတယ်လို့ ပြောပြတာကြောင့်…

“ဒီဇာတ်ကားထဲမှာ ဝှက်ထား တာ တစ်ခုရှိသလို ပရိသတ် အတွက် လည်း ရင်ခုန်စရာပါ လုပ်ထားတယ်။ ဒီဇာတ်ကားထဲမှာ အရေးကြီးဆုံး ဇာတ်ဝင် ပစ္စည်း တစ်ခုဖြစ် တဲ့ နှင်း ဆီလို့ လက်မှတ်ထိုး ထားတဲ့ PE9136346 ဆိုတဲ့ တစ်ထောင်တန် တစ်ရွက်ပါတယ်။ ဒီဇာတ်ကားထဲ မှာ အဲဒီ တစ်ထောင် တန်က အရေးကြီးဆုံးပါပဲ။ ဇာတ် ကား ရိုက်ကူးမှု အား လုံးပြီးသွား တဲ့ နောက် ဆုံးနေ့ မှာ အဲဒီ တစ် ထောင်တန်ကို ရန်ကုန် မြို့ လယ် ကောင် တစ် နေ ရာရာမှာ စွန့်ပစ်ခဲ့မယ်။ ဒီပိုက်ဆံကို ကောက်ရတဲ့ သူက နေ တစ်ယောက် ဆီ တစ်ယောက် ပြောင်း ရင်း ဒီ ဇာတ် ကား ထွက်တဲ့နေ့မှာ အဲဒီ နံပါတ် နဲ့ ပိုက်ဆံကို လက် ထဲမှာရှိတဲ့ သူပေါ် လာရင် ကျွန်တော် ၊ ပြေတီဦး၊ အိန္ဒြာ ကျော်ဇင်၊ ဝတ်မှုံရွှေရည် တို့က အဲဒီ သူ ကိုငွေ ၁ဝသိန်း ချီး မြှင့်ပါမယ်။ ဇာတ် ကားက ဇွန်လ ပြီး ရင်ဖြန့်မယ်။ ဒီလို လူပေါ်လာခဲ့ရင် အခမ်းအနား နဲ့ ချီးမြှင့်မှာပါ။ ကျွန်တော့် ပရိသတ်တွေနဲ့ ကျွန်တော် မတွေ့တာ ကြာပြီ။ ပြန်တွေ့တဲ့ အချိန်မှာ သူတို့နဲ့ ကျွန်တော်ရဲ့ကြားမှာ အမှတ် တရ လေးတစ်ခုဖြစ်စေချင်လို့ ပါ” လို့ ပြောပြ ပါတယ်။

ဒီနှစ် အကယ်ဒမီပေးပွဲ ကိုလည်း တက်ရောက်ခဲ့တဲ့ ဒါရိုက်တာညိုမင်းလွင် က အခုလို မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးသစ် လက် ထက်မှာ အစစ အရာရာပြောင်းလဲ သွားတာက ပရိသတ် တစ်ယောက် အနေနဲ့ရော၊ ရုပ်ရှင်လောကသား တစ် ယောက် အနေနဲ့ပါ အခုလိုပြောင်း လဲမှုဖြစ်တာ ကြိုဆိုပါတယ်လို့ ပြော ပြခဲ့ပါတယ်။

မေမွန်မောင်

Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1