Wednesday, January 16, 2013

နာရီ

Ever November | 1/16/2013 10:05:00 AM | Best Blogger Tips

တခါက လူတယောက်ဟာ စိတ်ရောဂါကုဆေးရုံဘေးက ဖြတ်လျှောက်သွားနေရင်း အရေးကြီးတဲ့အစည်းအဝေးတက်ရမှာကို ရုတ်တရက် သတိရလိုက်ပါတယ်။
အချိန်သိချင်လို့ သူ့လက်က နာရီကိုကြည့်လိုက်တော့ နာရီက ရပ်နေတယ်။
သူ နောက်ကျနေပြီလား မှီနိုင်သေးလားဆိုတာ မသေချာဘူးဖြစ်နေတာပေါ့။
ဘယ်အချိန်ရှိနေပြီလဲဆိုတာ သိမှဖြစ်တော့မယ်။
အဲ...အဲဒီအချိန်မှာဘဲ ဆေးရုံဝင်းထဲမှာ လူတယောက် လမ်းလျှောက်နေတာ တွေ့လိုက်တော့ သူ အားတက်သွားပြီး လှမ်းမေးလိုက်တယ်။...
"ဘယ်အချိန် ရှိနေပြီလဲဆိုတာ ကျေးဇူးပြုပြီးတော့ဗျာ... ပြောပြနိုင်မလား"

"ခဏစောင့်"...ဆိုပြီး... အဲဒီလူက မြေကြီးပေါ် ထိုင်ချလိုက်တယ်၊ ပြီးတော့ တုတ်တိုတချောင်း မြေကြီးထဲရိုက်ထည့်တယ်၊ တုတ်ကိုရိုက်လိုက် ထောင့်မှတ်ကျမကျ ကိုလည်း လက်သမားသုံးရေချိန်နဲ့ ချိန်လိုက်နဲ့ သေချာလုပ်နေတယ်။

ပြီးတော့ သံလိုက်အိမ်မြောင်ကိုသုံးပြီး မြောက်အရပ်ကို သေချာရှာတယ်။ သံမဏိပေတံကို သုံးပြီး စိုက်ထားတဲ့ တုတ်ရဲ့ အရိပ်ကို သေသေချာချာ တိုင်းတယ်။

အဲဒီနောက်တော့ ဂဏန်းတွက်စက်ကို အိတ်ထဲက ထုတ်လိုက်ပြီး ခပ်သွက်သွက်လေး တွက်ချက်လို့ နေပါတော့တယ်။
ခဏနေတော့ အချိန်မေးတဲ့သူဘက်လှည့်ပြီး ပြောလိုက်တယ် -
"သြဂုတ်လ ၁၆ ရက်၊ ညနေ ၃ နာရီ ၂၉ မီနစ် ၃၅ စက္ကန့် ရှိပြီ"

အချိန်မေးတဲ့သူလည်း အံ့သြသွားပြီး
"ခင်ဗျားရဲ့တွက်ချက် ဆောင်ရွက်မှုကတော့ အံ့မခန်းပါပဲဗျာ၊ ဒါပေမယ့် မရှင်းတာတခုလောက် မေးပါရစေ၊ တကယ်လို့များ မိုးအုံ့တဲ့နေ့တို့၊ ညဘက်တို့မှာ အချိန်သိချင်ရင် ဘယ်လိုလုပ်မလဲဗျ"

ဒီတော့ အဲဒီ အချိန်တွက်ပေးတဲ့လူက သူ့အိတ်ကပ်ထဲက နာရီလေးကို ထုတ်ပြရင်း...

"အဲဒီလိုဆိုရင်တော့ ဒီအိတ်ဆောင်နာရီကို ကြည့်လိုက်ယုံပေါ့"....တဲ့။

သန်၎ကို
(အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ ဟာသတခုကို ဆီလျော်အောင် ပြန်ဆိုထားတာပါ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1