Wednesday, January 16, 2013

ဆွီဒင်အမျိုးသမီး ရထားခိုးယူမောင်းနှင်ရာမှ နေအိမ်အား ဝင်ရောက်တိုက်မိ

Ever November | 1/16/2013 10:38:00 AM | Best Blogger Tips

ဆွီဒင်နိုင်ငံတွင် စတော့ဟုမ်းမြို့တွင် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးက ရထားခိုး ယူမောင်းနှင် ရာမှ နေအိမ်ခန်းအား ဝင်တိုက်မှု ဖြစ်ပွားခဲ့သည်။ အင်္ဂါနေ့ (ဇန်နဝါရီ ၁၅ ရက်) နံနက် အစော ပိုင်းကအသက် ၂၀ အရွယ် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးမှာ ရထား အားခိုးယူ၍ တစ်မိုင်နီးပါးခန့် မောင်းနှင်သွားခဲ့ပြီးနောက် ရထား လမ်းချော်သွားခဲ့ပြီး စတော့ဟုမ်းဆင်ခြေဖုံးရှိ နေအိမ်တစ်လုံးအား ဝင်တိုက်မိခဲ့သည်။
ဒေသစံတော်ချိန် နံနက်အစောပိုင်း ၂း၃၀ ဝန်းကျင်တွင် ဖြစ်ပွားခဲ့သော ထိုဖြစ်ရပ်တွင် ရထားခိုး ယူမောင်းနှင်ခဲ့သည့် အမျိုးသမီးမှာ ကယ်ဆယ်ရေးဝန်ထမ်းများ မရောက်ရှိခင်အထိ ရထားမောင်းနှင် သူနေ ရာတွင် ၂ နာရီနီးပါးကြာ ပိတ်မိနေခဲ့သည်။ ထို့နောက် ဒဏ်ရာအများအပြား ရရှိထားသည့် အဆိုပါ အမျိုး သမီးကို စတောဟုမ်းမြို့ရှိ ကာရိုလင်စကာ တက္ကသိုလ်ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ရသည်။
ရထားသည် ရထားသံလမ်းမှ ပေ ၁၀၀ ခန့် လမ်းချော်သွားခဲ့ပြီး နေအိမ်အား ဝင်တိုက်မိသည့်အချိန်တွင် မိသားစု ၃ စုမှာ နေအိမ်အတွင်း အိပ်မောကျလျက်ရှိကြောင်း သိရသည်။ ရထားပေါ်တွင် ခိုးယူမောင်းနှင် သည့် အမျိုးသမီတစ်ဦးသာ ပါရှိခဲ့ပြီး နေအိမ်အတွင်းရှိနေသူများ အပါအဝင် အခြားမည်သူမျှဒဏ်ရာရရှိ ခဲ့ခြင်း မရှိချေ။ ရထားခိုးယူမောင်းနှင်သွားသည့် အမျိုးသမီးမှာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ် ဦးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

Planet New

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1