Wednesday, January 16, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူ သမ္မတ နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် LIEUTENANT GENERAL NEO KIAN HONG က ဂုဏ်ပြု ကြိုဆိုခြင်း အခမ်း အနား တက်ရောက်ပြီး တွေ့ဆုံ ဆွေးနွေး

Ever November | 1/16/2013 09:56:00 AM | Best Blogger Tips

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူသမ္မတ နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် LIEUTENANT GENERAL NEO KIAN HONG က ဂုဏ်ပြု ကြိုဆိုခြင်း အခမ်းအနားတက်ရောက်ပြီး တွေ့ဆုံဆွးနွေး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား
စင်ကာပူ သမ္မတ နိုင်ငံကာကွယ်ရေးဦးစီးချုပ် Lieutenant General Neo Kian Hongမှ ဂုဏ်ပြု ကြိုဆို ခြင်းအခမ်းအနားကို ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် စင်ကာပူသမ္မတ နိုင်ငံကာကွယ်ရေး ၀န်ကြီး ဌာနတွင်ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက်ရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ ရောက်ရှိရာ စင်ကာပူသမ္မတ နိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lieutenant General Neo Kian Hong မှ ခရီးဦး ကြိုဆို နှုတ်ဆက်ပြီး အလေးပြုခံစင်မြင့်သို့သွားရောက် နေရာယူကာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြု ခြင်းကိုခံယူ ကြသည်။


ထိုအချိန်တွင် စင်ကာပူသမ္မတ နိုင်ငံစစ်တီးဝိုင်းမှ ဂုဏ်ပြုတီးမှုတ်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ စင်ကာပူသမ္မတ နိုင်ငံတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် ဂုဏ်ပြု တပ်ဖွဲ့ကို စစ်ဆေးကြပြီးဂုဏ်ပြု ကြိုဆိုပွဲတက်ရောက် လာကြသူများနှင့် အပြန်အလှန်မိတ်ဆက် ကြသည်။

အဆိုပါ ဂုဏ်ပြု ကြိုဆိုပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် တပ်မတော်အရာရှိကြီးများ၊ စင်ကာပူသမ္မတ နိုင်ငံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ စင်ကာပူ တပ်မတော်မှ တပ်မတော် အရာရှိ ကြီးများတက်ရောက် ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင် များသည် ကာကွယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ စင်ကာပူတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံပြီး ကမ္ဘာ့ ရေးရာနှင့်ဒေသတွင်း လုံခြုံရေးဆိုင်ရာ အမြင်များဖလှယ်ခြင်း၊ နှစ်နိုင်ငံတပ်မတော် ပူးပေါင်း ဆောင် ရွက်မှုနှင့် အခြေခံအဆောက် အအုံများ ဖော်ဆောင်ရေးကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ရေယာဉ်များ အပြန်အလှန်စေလွှတ် လေ့လာရေးကိစ္စရပ်များ၊ အာဆီယံအစည်းအဝေး ဆိုင်ရာ ကိစ္စရပ် များဆွေးနွေးကြပြီး အထိမ်းအမှတ်တံဆိပ်များအပြန်အလှန် လဲလှယ်ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား Joint Staff Conference Room တွင် စင်ကာပူတပ်မတော်မှ တာဝန်ရှိသူများက စင်ကာပူတပ်မတော်အား အဆင့်မြှင့် တင် ဆောင် ရွက်ခြင်းနှင့် ဒေသတွင်းလုံခြုံရေး တည်ဆောက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး နှစ်ဖက်အမြင် ချင်း အပြန်အလှန် ဆွေးနွေးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား Jiang Nan Chun, Four Seasons Hotel၌ စင်ကာပူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြု နေ့ လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
မြ၀တီ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1