Wednesday, June 12, 2013

ကိုယ်ပိုင်သံစဉ်တွေပဲဆို ဖြစ်သွားတော့မယ့် သအို

Ever November | 6/12/2013 10:22:00 AM | Best Blogger Tips

တေးသံရှင် သအိုက မြန်မာ နိုင်ငံမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အတွက် အကြို လှုံ့ဆော်ရေး အဖြစ် ကျင်းပတဲ့ မေလ ၁၉ ရက်နေ့ ရှိုးပွဲမှာ ဆီးဂိမ်း လှုံ့ဆော်ရေး သီချင်း တစ်ပုဒ်နဲ့ ပါဝင် ဖျော်ဖြေခဲ့ပါတယ်။ အခုလို လှုံ့ဆော်ရေးပွဲမှာ ပါဝင်ဖြစ်ခဲ့ ရတာနဲ့ပတ်သက်ပြီး..
“ဒီလိုပွဲ မျိုးတွေမှာ တစ်ခါမှ မပါဝင်ဖြစ်ခဲ့ဘူး။

အခုလိုက အမှတ်တရလည်း ဖြစ်တယ်။ ပြီးတော့ ခုလို ပါဝင် ဖြစ်တာကိုလည်း ဂုဏ်ယူပါတယ်။ အခုလို တစ်ထောင့် တစ်နေရာ ကနေ ပါဝင်ခွင့်ရတဲ့ အတွက် ပျော်ပါတယ်။ အားလုံး မပါနိုင်ရင်တောင် ကိုယ့်နိုင်ငံ အတွက် တစ်နေရာကနေ ရှိနေတယ် ဆိုတဲ့ ပုံစံမျိုး နဲ့ ပါဝင်ရတာ ဂုဏ်ယူ ပါတယ်” လို့ပြောတဲ့ သအိုက ဆီးဂိမ်း အားကစား ပြိုင်ပွဲဝင် ကစား သမားများ နဲ့ပတ်သက်ပြီးလည်း…

“ကျွန်တော်တို့ အိမ်ရှင် အနေနဲ့ ကျင်းပမယ့် မြန်မာတွေ အားလုံး ရွှေ တံဆိပ်ဆုတွေ အများကြီး ဆွတ်ခူးနိုင် ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ပြောတဲ့ သအိုက “သင်ခန်းစာ” ဆိုတဲ့ ဒုတိယ စီးရီးကိုလည်း မကြာခင်ကမှ ထွက်ရှိထားသူ ဖြစ်ပါတယ်။ “သင်ခန်းစာ” စီးရီး ထဲမှာတော့ အရင် ထွက်ရှိခဲ့တဲ့ ရေသောက်မြစ် အခွေလောက် ပြင်းထန်တဲ့ သီချင်းတွေ မပါဘဲ အချစ် သီချင်းအေးအေးလေးတွေ များပါ တယ်။ အဲဒီ အပေါ်မှာလည်း သအိုက “စီစဉ်သူနဲ့ ပရိုဂျူဆာ နဲ့ တိုင်ပင် ပြီး တအား ဆူတဲ့ သီချင်းတွေကို လျှော့ချ ပစ်ခဲ့တယ်။ ဒီသီချင်းလေး တွေလည်း ကြိုက်ကြတယ်။ အားရမှုလည်း ရှိပါတယ်။

သီချင်း အကြမ်းတွေကြိုက်တဲ့ ပရိသတ်တွေ အတွက်လည်း ဆိုပေးပါဦးမယ်။ ဒီအခွေမှာက ပရိုဂျူဆာနဲ့ ညှိလုပ်ရတဲ့ အပိုင်းလေးတွေ လည်းရှိတော့ နောက်ပိုင်းမှာကိုယ်လုပ်ချင်တာလေးတွေ လုပ်ပြသွားပါ့မယ်” လို့ သအို ကပြောပါတယ်။

သအို ရဲ့”သင်ခန်းစာ” အခွေထဲမှာ “လွှတ်လမ်း” ဆိုတဲ့ မော်ဒန်ရော့ခ်ဆန်ဆန် တစ်ပုဒ်က ဇဝါရေးတဲ့ ကိုယ်ပိုင် သံစဉ် ဖြစ်ပါတယ်။ အဲဒီလိုကိုယ်ပိုင်သံစဉ် သီချင်း ကောင်းတွေလည်း ရှိနေတဲ့ အတွက် နောက်ပိုင်းမှာတော့ ကိုယ်ပိုင် သံစဉ် တွေပဲ တောက်လျှောက်လုပ်သွားမယ်လို့လည်း သအို ကပြောပြီး သင်ခန်းစာ ဗီစီဒီကိုတော့ စတင်ရိုက်ကူးနေပြီ ဖြစ်ကြောင်း သိရပါတယ်။

ရဲရဲ

Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1