Wednesday, June 12, 2013

ဘာကိုမှ မကြောက်သူများထဲက ကေအေတီ

Ever November | 6/12/2013 10:35:00 AM | Best Blogger Tips
ဘာမှမကြာသေးပါ။ ရက်ပိုင်းမျှ သာရှိသေး၏။
“ဘာကိုမှမကြောက်သူများ” စာအုပ် ထွက်လာတော့ ထိုစာအုပ်ကို ကိုကေအေတီ ထံသို့ သွားပို့၏။ ပြီး တော့ ဒေါ်ဖြူဖြူသင်း ထံသို့ သွားပို့ ၏။ (သူတို့သည်ကား ဘာကိုမှ မကြောက်သူများ။ ထိုအထဲတွင် အကြည်တော်၊ မိုက်တီး၊ ပီတာ၊ ဖြူဖြူကျော်သိန်း၊ ကြည်ဖြူသျှင်… စသူတို့ ပါဝင်သေး၏။)
ကေအေတီ ထံသို့ ကျွန်တော် သည် သုံးကြိမ် သုံးခါသာ ရောက်ဖူး ပါသည်။ သူက ညနေဆိုလျှင် ကန်တော် ကလေးက မောနင်းစတား တွင် ထိုင်သည်။ သူ့ကိုတွေ့ချင် လျှင် မောနင်း စတားသို့ ညနေ ၄ နာရီ ကျော်မှသွားရ၏။
ပထမအကြိမ်က သူ့ကို အင်တာဗျူးရန် သူရှိရာ မောနင်း စတားသို့ ရောက်ရ၏။
ဒုတိယ အကြိမ်မှာ သရဖူ ကိုရဲ က “အနုပညာရှင်” စာအုပ်ထွက် အပြီး တွင် နောက်တစ်အုပ် ထပ်လုပ်မည် ဆို၍ ကေအေတီကို ဓာတ်ပုံ ရိုက်ရန် မိုးလွင်ဟန် ကိုခေါ်ပြီး သွားရ၏။
တတိယ အကြိမ်မှာ သူပါဝင် သော “ဘာကိုမှ မကြောက်သူများ” စာ အုပ်ထွက်၍ သူ့ထံစာအုပ်သွား ပေး၏။
“စာအုပ်ကောင်းရဲ့လား”
“အစ်ကိုရေးတာပဲ၊ကောင်း တာပေါ့”
“မဟုတ်ဘူး။စာအုပ်အပြင် အဆင်ကိုပြောတာပါ”
“ဟာ.. သရဖူကိုရဲ လုပ်တာပဲ။ နန်းဒေဝီ ကထုတ်တာပဲ ကောင်းတာ ပေါ့”
ကေအေတီ သည်ထိုသို့ အဆင်ပြေ ချော မွေ့ အောင်၊ တစ်ဖက်လူ စိတ်ချမ်း သာအောင် စကားဆို တတ်၏။ ဇွန်၁ရက်၊ ကျော်ခန့် လူထံ မှဖုန်းဝင်လာ သည်။
“ကေအေတီ ဆုံးပြီတဲ့။ အင်တာ နက်မှာတွေ့တယ်”
တစ်ခါက ကိုခင်မောင်တိုး မဆုံးသေးဘဲ ဆုံးပြီဟု ဖုန်းသတင်း ဝင်လာဖူးသည်။
“ကေအေတီက မာမာချာချာပါ ကွာ။ ဟိုတလောကမှ ငါ မောနင်း စတားမှာ သူ့ကို စာအုပ်သွားပေး တာ။ သူ့နံဘေးမှာ အဆိုတော် အသစ် လားမသိဘူး။ မိန်းကလေး တစ်ယောက် က ငါပေးတဲ့ စာအုပ်ထဲက ကေအေတီ အကြောင်းဖတ်ရင်း မျက်လုံးတွေ တောက်ပလို့”
“အဲဒါ သေချာသလား..တစ် ယောက်ယောက်ကို မေးပါဦး”
မေ ၃ဝ က၊ ဆရာစံလမ်းက SS CAFE တွင် ကျွန်တော်သည် တစ်နေကုန်အောင် ရွှေဂျော်ဂျော်နှင့် စကားပြောနေခဲ့၏။ ရွှေဂျော်ဂျော်ထံ သို့ကျွန်တော် ချက်ချင်း ဆက်သွယ်သည်။
“ဟုတ်တယ် အစ်ကို။ သျှင်ပါကူ ဆေးရုံကနေ ကျွန်တော်တို့ ရန်ကုန် ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ကြတယ်။ ကျွန်တော် သူ့လက်ကလေးကို အကြာကြီး ကိုင်ခဲ့မိသေးတယ်”
ရွှေဂျော်ဂျော်ထံမှ စကားပြန် ၏။ ကျော်ခန့်လူထံ ကျွန်တော် ပြန် ဆက်ရ၏။ သူက သူ့ ဖေ့စ်ဘုတ်တွင် အမြန်တင်လိမ့်မည်။ မိုးလွင်ဟန် လိုက်ပြီး ရိုက်ပေးထားသော တီရှပ် အဖြူနှင့် ကေအေတီ၏ ဓာတ်ပုံ များစွာက ကျွန်တော့် အိမ်မှ ကွန်ပျူ တာထဲတွင် သိမ်းဆည်းထားသည်။
အနုပညာရှင် တစ်ယောက်၏ Profile ကိုရေးရန် သူနှင့် စကားပြော ဆိုလျှင် ကျွန်တော်သည် အချိန် များစွာ ယူတတ်သည်။ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု တည်ဆောက် ပြီး မှ ကျွန်တော် တွေ့ဆုံသည်။ တစ်ဖက် ကလည်း ကျွန်တော့်ကို ယုံကြည်မှ လက်ခံမည်။ သို့သော် ကျွန်တော်တို့ အဆင်ချောမွေ့ခဲ့၏။
သူ့အကြောင်းရေးလျှင် သူ့ စကားအသံ၊ သူ့ဓာတ်ပုံများက ကျွန် တော့် ကွန်ပျူတာ ထဲတွင် ရှိသွားပြီ။ ကျွန်တော် ဘယ်တော့မှ ဖျက်မပစ်။
သူ့ဘဝကတော့ ကျွန်တော့ ရင်ထဲတွင် စွဲမြဲသွားပြီ။ ကျွန်တော် တို့သည်တွေ့ဆုံ စကားပြောပြီ ဆိုကတည်းက ရင်ဘတ်ထဲက ကြိုးချင်း ဆက်သွယ်မိကြပြီ။ ချိတ်ဆက် မိကြပြီ။
ကေအေတီ့ ဘဝသည် ကျွန်တော့် ရင်ထဲတွင်ရှိနေသည်။
“လူပုံအလယ်မနေချင်
ငါတစ်ယောက်တည်းပဲ
ရင်ခုန်သံအသေတွေကို ဖြန့်ကြဲပြီး
အခန်းငယ်ထဲ
ကလေးတစ်ယောက်ရဲ့ဘဝမှာ
စိတ္တဇလိုရောဂါရင့်စေတယ်”
ကေအေတီ၏ မူလတန်း ကျောင်းသား ဘဝမှာ ပန်းချီတွေကို တစ်ရေး တည်းရေးနေတတ်၏။ မုံရွာ မြို့ သီတင်းကျွတ် ဘုရားကြီး ပွဲမှာ ကြီးကျယ်၏။ ခမ်းနား၏။ ထိုပွဲတော် တွင် ပန်းချီပြိုင်ပွဲလည်း ပါဝင်သည်။
ကေအေတီသည် သူ့ပန်းချီကား လေးကို ပွဲတော်၏ ပြိုင်ပွဲတွင်တင်၏။ သူဆုရခဲ့၏။ ထိုအချိန်ကစ၍ ကေအေတီသည် ပန်းချီပိုး ဝင်သွား၏။ ပန်းချီကားများ ဆက်ရေး သည်။
“ချစ်တတ်တဲ့စိတ်လည်း
ငါမရှိသေးဘူး။
မုန်းတတ်တဲ့စိတ်လည်း
ငါမလိုချင်သေးဘူး”
ကေအေတီသည် ငယ်ရွယ်စဉ် ဘဝတွင် ချင်းတွင်း -ရေကြည် ပန်းချီ သင်တန်းသို့ တက်ခဲ့ဖူး၏။ သူသည် လူငယ်ဘဝ ရောက်သောအခါ ကဗျာ ကို စိတ်ဝင်စားသွား၏။ ကြည်အောင်၊ တင်မိုး၊ ကြည်အေး၊ ဒဂုန်တာရာ တို့၏ ကဗျာ များကို သူ အရူးအမူး ကြိုက်ပေါ့။
ကေအေတီ၏ရင်ဘတ်ထဲမှာ
ကဗျာ။
ကဗျာပြီး…ကဗျာ။
“အမြဲမှားယွင်းတတ်တဲ့
အရွယ်မှာ
လူတိုင်းထက်ပိုပြီး
မှားယွင်းခဲ့တယ်။
လောကမှာ ပိုင်ဆိုင်ချင်စရာ
ပုံစံအမျိုးမျိုးနဲ့
မှားယွင်းမှုတွေပဲ…
မှားယွင်းမှုတွေပဲ”
မုံရွာမြို့၊ တောတန်းအိုင် လက်ဖက်ရည် ဆိုင်လေးတွင် ကိုသန်း ထွန်းနှင့် ကိုစောထွန်းတို့ အမြဲထိုင် ၏။ သူတို့က ကဗျာရေးနှင့် ကြပြီး ကေအေတီသည် တောတန်း အိုင် လက်ဖက်ရည် ဆိုင်တွင် သူတို့နှင့် လိုက်ထိုင်၍ သူတို့ထံမှ သင်ယူ၏။
“ငါ နေထွက်ခဲ့ရာအရပ်က
သူများတွေနဲ့လွဲ
ဘယ်သူနဲ့မှ ထပ်တူမညီလည်း
မင်းကိုတူညီဆဲ
အချစ်များ နောက်ထပ်တွေ့နိုင် လည်း
ဘယ်မှာမှ မတွေ့တော့ပါ ဆုံးဖြတ်ခဲ့တယ်”
လူငယ်လေး ကေအေတီ၏ ကောင်းကင်ကြီးမှာ ကျယ်ပြော၏။ သူသည် ကဗျာရေးရာမှ ဂစ်တာ တီးတော့၏။ ကေအေတီသည် ကဗျာ ရေးရင်း၊ ဂစ်တာတီးရင်းနှင့် ဆယ် တန်း ဒုတိယနှစ်သို့ ရောက်လာကာ သီချင်း တစ်ပုဒ် စတင်ရေးဖြစ် ၏။
၁၉၈၄  ရုပ်ရှင်အောင်လံတွင် သူ့ကဗျာ စတင် ပုံနှိပ်ဖော်ပြခံရ၏။ သူ့နာမည်က ကျော်အောင်။ စာရေး ဆရာ ကျော်အောင်က ရှိနေ၏။ ထို့ ကြောင့် ကျော်အောင်သစ်ဟူ၍ ကဗျာရေး၏။
Kyaw Aung Thit သည် KAT ဖြစ်လာ၏။
ကေအေတီသည် မန္တလေး တက္ကသိုလ် ရောက်သောအခါ ဂီတ သူငယ်ချင်းများနှင့် ပေါင်းသင်း နေထိုင်ရခြင်းတွင် အလွန်ပျော်မွေ့၏။ ဝိုင် ဝိုင်းကလိဒ် ဂစ်တာ တီးသည်။ လေးဖြူ က ဘေ့စ်ဂစ်တာ တီးသည်။ အငဲက သီချင်းရေးသည်။ သီချင်းဆိုသည်။
ကေအေတီသည် တတိယနှစ် တွင် ဇေယျာဆောင် မှာနေပြီး စတုတ္ထ နှစ်မှာ ရွှေပြည်ဆောင် မှာနေသည်။ လေးဖြူက မန္တလေး တက္ကသိုလ်တွင် အလွန် နာမည်ကြီးနေ ပြီ။ ကေအေတီ တို့ကျောင်းပြီးတော့ လေးဖြူက မုံရွာ သို့ရောက်လာပြီး ကေအေတီ အိမ်တွင်နေ၏။ သူတို့ဂစ်တာ တီးကြသည်။ ကေအေတီက သီချင်းရေး သည်။လေးဖြူ က ကေအေတီ့ သီချင်း များကို မြတ်နိုးစွာသီဆို၏။
သူတို့၏ သူငယ်ချင်းဖြစ်သူ ကိုအောင်မင်း (ကိုမင်း) က လေးဖြူ ကို အခွေထုတ်ပေးမည်။ ကေအေတီ နှင့် အပေါင်းအသင်း များက သီချင်း ရေးကြသည်။ အိုင်စီ တီးဝိုင်း၊ လင်း စတူဒီယို။
“ကန္တာရလမင်း”
ပေါက်သွားပြီ။
လေးဖြူ သီချင်းဆိုသည်။ ကေအေတီ သီချင်းဆက်ရေးသည်။ လေးဖြူရော၊ ကေအေတီပါ ရန်ကုန် မြို့မှ မပြန်ကြတော့။ သူတို့ နှစ် ယောက်စလုံး အအောင်မြင် ကြီး အောင်မြင်ကြသည်။
ငါတို့ဂီတ
သိမ်းပိုက်နေပြီ။
လျှပ်စစ်စီးသလို..။
အခုတော့ ရန်ကုန်မြို့မှာ ကေအေတီ ဆုံးရှာပြီ။
အနုပညာအတွက်
ဘာကိုမှ မကြောက်ခဲ့သော ကေအေတီမှာ သေခြင်း တရားနှင့် တွေ့သောအခါ လက်မြှောက် အရှုံး ပေးခဲ့ရလေပြီ။
ကျွန်တော် ဤစာကိုရေးပြီးချိန် တွင် သွေး (စစ်ကိုင်း) ထံမှ ဖုန်းဝင် လာသည်။ ကေအေတီ၏ ဈာပန အစီအစဉ်ကို သိရ၏။ ၈၇ လမ်းမှ ရေဝေးသို့ ဇွန်လ ၃ ရက်၊ ညနေ ၃ နာရီတွင် ပို့ဆောင်မည်။ အင်တာ နက်တွင်မူ ကေအေတီ ၏ကဗျာ “လူရွှင်တော်”။
“ဘူးတွေကိုဖွင့်လိုက်ပါ
ပိတ်စရာ ဘာမှမကျန်သော အခါ
ပုလင်းဟာ သူ့ဘာသာ
ဣနြေ္ဒရရကျန်ခဲ့မှာ…”တဲ့။
မောင်ကိုကို (အမရပူရ)
Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1