Wednesday, June 12, 2013

ယခု နွေရာသီ ရီးယဲလ်ကို စွန့်ခွာမည် ဆိုခြင်းအား မိုဒရစ် ငြင်းဆို

Ever November | 6/12/2013 10:26:00 AM | Best Blogger Tips

မိမိ အနေဖြင့် ရီးယဲလ်မက်ဒရစ်တွင် တစ်ရာသီ ကစားပြီး ထွက်ခွာသွားရန် စိတ်မကူး ထားကြောင်း လူကာ မိုဒရစ်က ပြောကြားလိုက်သည်။
ရီးယဲလ် နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုက လက်ရှိ တာဝန် ယူထားသည့် ချယ်လ်ဆီး အသင်းသို့ မိုဒရစ်ကို ကမ်းလှမ်း ဝယ်ယူရန် စီစဉ်နေသော်လည်း ကစားသမားကမူ ဘာနေဗျူးတွင်သာ ဆက်နေရန် ဆုံးဖြတ်ထားကြောင်း အခိုင်အမာ ပြောဆိုသွားသည်။ မော်ရင်ဟိုသည် ပြီးခဲ့သည့် နွေရာသီကမှ တော့တင်ဟမ် ဟော့စပါး အသင်း၏ ကွင်းလယ် ဖန်တီးရှင်ကို ရီးယဲလ်သို့ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ အသက်(၂၇)နှစ်ရှိ ခရိုအေးရှား လက်ရွေးစင်သည် ပြီးခဲ့သည့် ရာသီ အစပိုင်းက ခြေစွမ်း အကျဘက် ဦးတည်ခဲ့သော်လည်း ရာသီနှောင်းပိုင်း ကာလများတွင် တောက်လျှောက် စွမ်းဆောင်ရည် မြင့်တက်လာခဲ့သည်။
မိုဒရစ်က "ကျွန်တော် ဒီနွေရာသီမှာ ရီးယဲလ်ကို စွန့်ခွာဖို့ ဆိုတာကို ဖြစ်နိုင်ခြေ တစ်ခုအနေနဲ့တောင် မစဉ်းစားမိဘူး။ တခြား ကလပ်တချို့က စိတ်ဝင်စားမှု ရှိတယ် ဆိုတာကိုတော့ သိပါတယ်။ ချာတိတ်လေးတွေ တော်တော်များများဟာ ရီးယဲလ်လို အသင်းမှာ ကစားခွင့်ရဖို့ စိတ်ကူးယဉ် တတ်ကြတယ်။ ကျွန်တော်လည်း တူတူပါပဲ။ မော်ရင်ဟို ထွက်သွားတော့ ကျွန်တော် စိတ်မကောင်းဘူး။ သူက ကျွန်တော့်ကို ရီးယဲလ်ရောက်အောင် ခေါ်ယူခဲ့တဲ့ နည်းပြလေ။ သူက သိပ်တော်ပါတယ်။ မော်ရင်ဟိုနဲ့ အလုပ်တွဲလုပ်ခဲ့ရတာကို ကျွန်တော် အင်မတန်မှ ဂုဏ်ယူပါတယ်" ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ၎င်းက စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် မော်ရင်ဟိုနှင့် လိုက်လံ ပေါင်းစည်းခွင့်ကိုမူ ငြင်းဆန်ခဲ့သည်။ မိုဒရစ်သည် ရီးယဲလ်နှင့် စာချုပ်သက်တမ်း (၄)နှစ် ကျန်နေသေးသည်။ ၎င်းက "မော်ရင်ဟိုဟာ ကျွန်တော့်ကို တကယ်ပဲ အလေးအနက် အထင်တကြီး ရှိသူပါ။ သူကိုင်တွယ်တဲ့ အသင်းမှာ ကစားရတာ ကျေနပ်စရာပါ။ သူနဲ့ ဘောလုံး အကြောင်း ဆွေးနွေး ရတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ ခုတော့ သူချယ်လ်ဆီးမှာ အကောင်းဆုံးတွေ ဖြစ်ပါစေလို့ ကျွန်တော် ဆန္ဒပြုပေးရုံပါပဲ။ စတမ်းဖို့ဒ်ဘရစ်ဂ်ျမှာ သူ့အတွေ့အကြုံတွေ၊ သူ့ကျွမ်းကျင်မှုတွေကို နောက်တစ်ကြိမ် ပြသနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။  
Ref: The Sun
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1