Wednesday, June 12, 2013

ထိုင်းနိုင်ငံက PEE MAK ရုပ်ရှင်မြန်မာပရိသတ်ကြည့်ရှုမှုမြင့်မား

Ever November | 6/12/2013 10:40:00 AM | Best Blogger Tips

အရင်ကဆိုရင် မြန်မာ နိုင်ငံမှာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများကို နိုင်ငံတကာနည်းတူ ပြသခဲ့ပါတယ်။နိုင်ငံခြားကား များပြသရာမှာပြန်ကြားရေး ဝန်ကြီးဌာ မြန်မာ့ရုပ်ရှင်လုပ် ငန်း နိုင်ငံခြားရုပ်ရှင်မှ တာဝန် ယူပြီးစီစစ်ရွေးချယ်တယ်လို့ သိရပါတယ်။

ပွင့်လင်းမြင်သာတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းနေချိန်မှာ နိုင်ငံတကာနည်းတူ နိုင်ငံခြား ဇာတ်ကားများကိုတစ်ပြိုင်တည်း ရုံတင်ပြသလာနိုင်ပါတယ်။ဒါ့အပြင် နိုင်ငံတကာမှာထင်ပေါ် ကျော်ကြားနေတဲ့ သရီးဒီဇာတ်ကားများ၊အန်နီမေးရှင်းဇာတ် ကားများကိုလည်းမြန်မာပရိ
သတ်များက နှစ်ခြိုက်အားပေးလာကြပါတယ်။ အခု နေပြည်တော်မှာ ရုံတင်ပြသတဲ့ Pee Mak ဇာတ်ကားဆိုရင်ပရိသတ်အားပေးမှုက ရုံချိန်ထပ်တိုးရတဲ့အဆင့်ထိ အားပေးမှုရရှိခဲ့
ပါတယ်။အရင်က နေပြည်တော်မှာရုပ်ရှင်ပွဲချိန် ၅ ပွဲပြသခဲ့ပေမယ့် Pee Mak ရုပ်ရှင်ဇာတ်ကားရုံတင်ချိန်မှာပွဲချိန် ၆ ချိန်အထိ တိုးပြီးပြသခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကိုလာရောက် အားပေး ကြည့်ရှုတဲ့ပရိသတ်အထဲမှာလူငယ်များသာမက ကလေး၊လူကြီး၊
မိသားစုတွေ လည်းတွေ့ရပါတယ်။

လှိုင်သာယာမြို့နယ်မှ လာရောက်ကြည့်ရှုတဲ့ပရိသတ်တစ်ဦးက "
ကျွန်တော်တို့ဒီကားကိုကြည့်ဖို့ လာတာလက်မှတ်ကုန်သွားလို့ ဆိုပြီး ၂ ပွဲထိုင်စောင့်နေတာ။ အဲဒါတောင် ၁၅ဝဝတန်းပဲ ရတယ်။ တစ်မိသားစုလုံးလာတာ။ ကျွန်တော် ဒီကားမှာ
အကြိုက်ဆုံး အခန်းပြောရရင်သူ့မိန်းမကို ဘယ်လောက်ချစ်လဲဆိုရင်သေပြီးသရဲဖြစ်တယ် ဆိုတာသိ တာ တောင်ဆက်ပေါင်းတယ်။ချက်ကျွေးတဲ့ထမင်း၊ ဟင်းတွေ
တကယ်မဟုတ်ဘူး။ မေတ္တာဆိုတာအင်အားပြင်းတယ်ဆိုတာ ကျွန်တော်ကြည့်ပြီး ရယ်အားထက်သနားလို့ ငိုအားသန်ဖြစ်မိပါတယ်" လို့ ပြောပြခဲ့ပါတယ်။

ပြည်သူတွေထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်နေထူးနိုင်ကလည်း ယခုလက်ရှိမှာပရိသတ်တွေ အကြိုက်တွေ့နေတဲ့ Pee Mak ဇာတ်ကားကို သူ့အနေနဲ့လည်း
သွားကြည့်ဖြစ် ကြောင်းပြောပါတယ်။

အခုရုံတင်နေတဲ့ Pee Mak ဇာတ်ကားဆို ပရိသတ်တွေ တအားကြည့်ကြတယ်။ ဒီကားမှာ လူခြောက်ယောက်နဲ့ပဲ ပြီးသွားတာ။ဒါပေမဲ့ ပရိသတ်တွေက စိတ်ဝင်စားတယ်။ ကျွန်တော်ဆို လက်မှတ်ဝယ်မရလို့ အိမ်မှာအခွေဝယ် ကြည့်ရတယ်။ ဂလိထိုးပြီး ရယ်ရတာမဟုတ်ဘူး။ ထိုင်းစကားလည်း လူတိုင်းမတတ်ဘူး။ ဘာသာပြန်လည်း လူတိုင်းမဖတ်နိုင်
ဘူး။ ဒါပေမဲ့ စွဲဆောင်မှုတအား ကောင်းတယ်။ ဒီကားထဲမှာ သူတို့ရဲ့ ယဉ်ကျေးမှုတွေလည်း ဇာတ်ကားအစအဆုံးထည့်ထားတယ်။ အဝတ်အစားနဲ့ လိုကေး ရှင်းကအစယဉ်ကျေးမှုအမွေ ကိုထိန်းပြီးပရိသတ်ကို စွဲဆောင်တယ်။လူခြောက်ယောက်နဲ့ပြီး ပေမယ့်တကယ်ရယ်ရပြီး ပရိသတ်တွေကြိုက်ကြတဲ့အတွက် ရုံချိန်တောင် ထပ်တိုးခဲ့ရတယ်" လို့ လတ်တလောပရိသတ် အကြိုက် ဇာတ်ကားနဲ့ပတ်သက်ပြီးပြောပါတယ်။

မြန်မာဇာတ်ကားတွေကို မြန်မာကြိုက်အောင်ဘယ်လိုရိုက်ကူးတင်ဆက်ရမလဲဆိုတာ ရုပ်ရှင်၊ အနုပညာရှင်တွေအတွက် စဉ်းစားစရာဖြစ်လာပါသည်။

ထူးထူး

Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1