Wednesday, June 12, 2013

ရော်ဘာ တန်ချိန် ၁၇၀၀၀ ကျော် တင်ပို့ပြီး ဒေါ်လာ ၄၆ သန်းကျော် ရရှိ

Ever November | 6/12/2013 10:24:00 AM | Best Blogger Tips
ရော်ဘာ ကုန်ကြမ်းများအား ပြည်ပသို့ တင်ပို့မှုမှာ ၂၀၁၃ ခုနှစ် ဧပြီလမှ မေလကုန်အထိ နှစ်လအတွင်း တန်ချိန် ၁၇၀၁၀ အထိ တင်ပို့ထားသော်လည်း ကမ္ဘာ့ရော်ဘာဈေး ကျဆင်းမှုကြောင့် အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၇၇၈ သန်းသာ ရရှိခဲ့ကြောင်း သိရသည်။

ရော်ဘာ ကုန်ကြမ်းများအား ပြည်ပသို့ တင်ပို့ရာ၌ နိုင်ငံတကာ ရော်ဘာဈေး များ ဆက်တိုက်ကျဆင်း နေ မှုကြောင့် တန်ချိန်အားဖြင့် ပိုမိုတင်ပို့ နေသော်လည်း ရငွေမှာ လျော့နည်းလျက် ရှိသည်ဟု မြန်မာနိုင် ငံ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။

"ရော်ဘာဈေးက ပြည်တွင်းမှာဆိုရင် တစ်ပေါင်ကို ကျပ် ၁၀၀ လောက်ကျတယ်။ နိုင်ငံတကာ ပေါက်ဈေး ကတော့ တစ်တန်ကို ဒေါ်လာ ၁၀၀ လောက် ကျသွားတယ်။ ရော်ဘာက နှစ်စဉ်တိုးပြီး ပို့နေတာ။ ဒါကြောင့် ဈေးကျတဲ့နှစ်စ်ဆိုရင် ရငွေကနည်းတယ်။ ဈေးကျတာ နှစ်နှစ်လောက် ရှိနေပြီ" ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မေ ၁၆ ရက်တွင် နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာ တစ်တန်လျှင် ၂၆၆၀ ဒေါ်လာအထိ ရှိခဲ့ရာမှ ဇွန် ၁၀ ရက်တွင် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၂၃၅၀ အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1