Sunday, February 19, 2012
နားလည်ပေးဖို့ ခက်နေပြီ ( ငါးထောင်တန်ဖုန်းအထူးဆောင်းပါး)
Anonymous | 2/19/2012 08:04:00 PM |
ဆောင်းပါး
အသစ်ချထားမည့်မိုဘိုင်းဖုန်း များတွင်အဆင့်မြင့် MMS စနစ် ထည့်သွင်းရန်စီစဉ်
Anonymous | 2/19/2012 07:21:00 PM |
မြန်မာ့သတင်း
အသစ်ချထားမည့်
မိုဘိုင်းဖုန်းများ၌ နိုင်ငံတကာတွင်အသုံးပြုနေသည့် MMS စနစ်ကို
ထည့်သွင်းဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ MMS စနစ်မှာ (Multimedia
Messaging Service) ဖြစ်ပြီး မိုဘိုင်းဖုန်းအချင်းချင်း ဓါတ်ပုံများပေးပို့ခြင်း၊
ဗွီဒီယိုဖိုင်များ၊ အသံဖိုင်များပေးပို့ခြင်း စသည်တို့ကို
အပြန်အလှန်ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်သိက္ခာချတဲ့ စာဖြန့်ဝေမှု
Anonymous | 2/19/2012 07:19:00 PM |
မြန်မာ့သတင်း
ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ဆန့်ကျင်ရေးသားတဲ့ စာတစောင်ကို
အမရပူရမြို့နယ်က ဒေါက်တာဇော်မြင့်မောင်ရဲ့ အိမ်ဝင်ပေါက် ရှေ့တည့်တည့်မှာ
ဒီမနက်ပိုင်းက တွေ့ရတယ်လို့ ဆိုပါတယ်။
ထိုင်းသတင်းစာဆရာကြီး ကဗွီ ချွန်ကစ်တာဗွန်နဲ့ တွေ့ဆုံ မေးမြန်းချက်
Anonymous | 2/19/2012 07:09:00 PM |
မြန်မာ့သတင်း
မြန်မာပြည်က
လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ အိမ်နီးချင်း အာဆီယံ
အသိုက်အ၀န်းရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါနေပါလဲ။ ၂၀၁၄ မှာ မြန်မာက အာဆီယံ
ဥက္ကဋ္ဌ ဖြစ်လာမယ့် ဂယက်ဟာ အထူးသဖြင့် မြန်မာ့နိုင်ငံရေးနဲ့
ဒေသတခုလုံးအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိလာမလဲ၊ မြန်မာနှင့် အာဆီယံ
ဆက်ဆံရေးအကြောင်း သုံးသပ်ချက်တွေ ရေးနေတဲ့ အရှေ့တောင်အာရှ သတင်းဆရာအသင်း
စီပါရဲ့ ဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံက နာမည်ကြီးသတင်းစာဆရာ၊ ကဗွီ ကို ဒီဗွီဘီ
အယ်ဒီတာ ဦးခင်မောင်စိုးက ဒီဗွီဘီစတူဒီယိုကို ဖိတ်ခေါ်ပြီး မေးမြန်း
ဆွေးနွေးထားပါတယ်။

- ကဗွီ ချွန်ကစ်တာဗွန်နှင့် ဦးခင်မောင်စိုး
မင်္ဂလာဒုံမြို့နယ် အတွင်း လယ်မြေများပေါ်တွင် ဇေကမ္ဘာစက်မှုဇုန် အပိုင်း(၄) အကောင်အထည်ဖော်မှုများ ဆက်လက် ဆောင်ရွက်ပါက လယ်မြေကို ဖျက်ဆီးခြင်းဟု သတ်မှတ် အရေးယူမည်ဟုသိရ
Anonymous | 2/19/2012 07:01:00 PM |
မြန်မာ့သတင်း
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်စုအတွင်းရှိ စိုက်ပျိုးရေး
လုပ်ငန်းများ လုပ်ကိုင်နေသော လယ်မြေများပေါ်၌ ဇေကမ္ဘာကုမ္ပဏီ၏
စက်မှုဇုန်အပိုင်း(၄) အကောင်အ ထည်ဖော်မှုနှင့်ပတ်သက်၍ ခွင့်ပြုမိန့် ရရှိမှသာ
ဆက်လက်ဆောင်ရွက်ရန်နှင့် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ စက်မှုဇုန်အဖြစ်
ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါက လယ်မြေကိုဖျက်ဆီးခြင်းဟု သတ်မှတ်၍
အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊
မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားချက်
တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဒေါ်စုနဲ့ တွေ့ဆုံ
Anonymous | 2/19/2012 06:58:00 PM |
မြန်မာ့သတင်း
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို ထောက်ခံ
အားပေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဝိဂျာဂျီဝ (Abhisit
Vejjajiva) ကပြောသလို ဒါဟာ မြန်မာနိုင်ငံရဲ့ ရှေ့အနာဂတ် အတွက်သာမက
အိမ်နီးချင်း ဒေသတွင်း နိုင်ငံတွေ အတွက်ပါ အရေးကြီးတယ်လို့လည်း ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲသည် အရေးအကြီးဆုံး မှတ်ကျောက်ဟု ကုလသမဂ္ဂပြော
Anonymous | 2/19/2012 06:38:00 PM |
မြန်မာ့သတင်း

ဗီဂျေနမ်ဘီယား
ကြားဖြတ်ရွေးကောက်ပွဲဟာ
မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ အစိုးရအတွက်
အရေးကြီးတဲ့ မှတ်ကျောက်ဖြစ်တယ်လို့ မြန်မာပြည်ကို ၆ ရက်တာ လာရောက်ခဲ့တဲ့
ကုလသမဂ္ဂကိုယ်စားလှယ် ဗီဂျေနမ်ဘီယားက ပြောလိုက်ပါတယ်။
မန္တလေးတောင် အားကစားကွင်းက အိုင်စီရှိုးပွဲ ပျက်၊ နိုဘိုတယ် ဟိုတယ်တွင် ပြုလုပ်
Anonymous | 2/19/2012 10:28:00 AM |
မြန်မာ့သတင်း

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၆ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် အိုင်စီအဖွဲ့ တွေ့ဆုံစဉ် (ဓာတ်ပုံ-အိုင်စီ)
ဒီကနေ့ည
မန္တလေးတောင် အားကစားကွင်းမှာ ဖျော်ဖြေမယ့်
အိုင်းယွန်းခရော့ခ်ရှိုးပွဲကိုနေရာပြောင်းရွှေ့လိုက်တယ်လို့ ဒေသခံတွေက
ပြောပါတယ်။
နိုဘိုတယ်ဟိုတယ်ကို ပြောင်းရွှေ့လိုက်ရတာ ဖြစ်ပြီး အဲဒီ အားကစားကွင်းကို အသုံးပြုခွှင့် မရတော့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
Call Center တွင် ကရင်၊ ရှမ်း၊ ကချင် စသည့် တိုင်းရင်းသား ဘာသာစကားများဖြင့် ၀န်ဆောင်မှုပေးနိုင်ရန် စီစဉ်နေ
Anonymous | 2/19/2012 10:23:00 AM |
မြန်မာ့သတင်း
Call Center အတွင်းပိုင်းတစ်နေရာကို ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ်
အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၁) ဆောင်းပါးရှင်- ရွှေဓူဝံ
Anonymous | 2/19/2012 10:11:00 AM |
ဆောင်းပါး
အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၁)
ဆောင်းပါးရှင်- ရွှေဓူဝံ
မြန်မာ့လူမှု ဆက်ဆံရေးနယ်ပယ်တွင်
“သာကူး” ဆိုသည့် စကားလုံးကို လူတိုင်းနားလည်ကြပါသည်။ သာကူးဆိုသည့်လူများသည်
အများအားဖြင့် လူလည်ကျသောသူ၊ ရှေ့တစ်မျိုး နောက်တစ်မျိုး လုပ်တဲ့သူ၊
သူ့ရဲ့အခွင့်အရေး သူ့ရဲ့အကျိုးစီးပွားအတွက် မျက်နှာပြောင်တိုက်ပြီး
ကျေးဇူးရှင်ကို ကျေးစွပ်ရန် ၀န်မလေး တတ်သူများ ဖြစ်ကြပါသည်-
တစ်နည်းအားဖြင့် သာကူး လုပ်တတ်သူများသည် အခြေအနေ၊ အချိန်အခါကိုကြည့်၍အရောင်ပြောင်းသွားသောလူလယ်ကြီးများ၊ ကျေးဇူးကန်းတတ်သူများ
ဖြစ်လေ့ရှိပါသည်။ မည်သို့ပင် ဆိုစေကာမူ အနှီသာကူး လုပ်တတ်သူ
လူလည်ကြီးများသည် ခေတ်အဆက်ဆက်တွင် အခွင့်ထူးခံ လူတန်းစား များဖြစ်ပြီး
စီးပွားရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းတွင် အများအပြားရှိနေပါသည်။
Saturday, February 18, 2012
မီးငြှိမ်းသတ်ရန်သွားသည့် မီးသတ်ကားများကိုလမ်းမဖယ်သော ယာဉ်များအား အရေးယူမည်
Anonymous | 2/18/2012 02:35:00 PM |
မြန်မာ့သတင်း
မီးလောင်ပြင်သို့သွားသော မီးသတ်ယာဉ်များအား လမ်း ဖယ်မပေးဘဲ ပိတ်ဆို့ပြိုင်ဆိုင်မောင်းနှင်ေ သာ ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ အရေးယူဖမ်းဆီးသွားတော့ မည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ဆောင်းဦးလှိုင် ONE MAN SHOW အနှောက်အယှက်အဟန့် အတားများနဲ့ ကြုံခဲ့ရ
Anonymous | 2/18/2012 02:29:00 PM |
မြန်မာ့သတင်း
ယနေ့(၁၇-၂-၂၀၁၂)ည ၇း၃၀ မှ ၁၁း၀၀ အထိ တေးသံရှင်ဆောင်းဦးလှိုင်ရဲ့
နှလုံးသားတွေလှူမယ့်ည ဆိုတဲ့ ONE MAN SHOW ကို ရန်ကုန်မြို့၊မြို့မကျောင်း
လမ်းမှာရှိတဲ့အမျိုးသားဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်-ဥက္ကာဦးသာဦးစီးတဲ့ Plus Three Band ကတီးခပ်ပေးပါတယ်။ ဥက္ကာဦးသာဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့(ရွှေသံစဉ်)အဖွဲ့မှာ Keyboard တီးခဲ့ဖူးသူပါ။
ပါကစ္စတန်ဝန်ကြီးချုပ် ရုံးတော်မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲခံရ
Anonymous | 2/18/2012 09:58:00 AM |
နိုင်ငံတကာသတင်း

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အစ္စလမ္မာဘတ်မြို့ တရားရုံးချုပ်သို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဟီနာရာဘာနီ ရောက်ရှိလာစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
လှိုင်သာယာ အလုပ်သမားသပိတ် တရားရုံး ရောက်မည်
Anonymous | 2/18/2012 09:45:00 AM |
မြန်မာ့သတင်း
တပတ်ကျော်
ပြေလည်မှု မရသေးတဲ့ ရန်ကုန်လှိုင်သာယာ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုဟာ
ဥပဒေကြောင်းအရ ကြိုးစားမယ့် ပုံစံပြောင်းလဲသွားပြီး နောက်ထပ်
မရေမရာ အခြေအနေမှာ ရှိနေပါတယ်။
လုပ်အား
ခ တိုးမြှင့်ပေးရေးမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား
ဆွေးနွေးညှိနှိုင်းလို့ မရတော့တာကြောင့် ဥပဒေကြောင်းအရ
ဖြေရှင်းဖို့ ကြိုးစားတာလို့ တိုင်ရီဖိနပ်စက်ရုံမှာ ၈ နှစ်ကြာ
အလုပ်လုပ်ခဲ့တဲ့ ဆန္ဒပြအလုပ်သမား ခေါင်းဆောင် တဦးဖြစ်တဲ့
ဒေါ်မိုးဝေက ပြောပါတယ်။
အီရန်ဆွေးနွေးဖို့ ကမ်းလှမ်းချက် ကန်နဲ့ အီးယူ သတိနဲ့ကြို
Anonymous | 2/18/2012 09:44:00 AM |
နိုင်ငံတကာသတင်း
အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး
နိုင်ငံတွေနဲ့ ဆွေးနွေးပွဲတွေ ပြန်ပြီး လုပ်ဆောင်သွားမယ် ဆိုတဲ့ အီရန်ရဲ့
ကမ်းလှမ်းချက်ကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က သတိကြီးကြီးနဲ့
အကောင်းမြင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary
Clinton) နဲ့ ၀ါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂရဲ့
နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တွန် (Catherine
Ashton) တို့က ပြောပါတယ်။
ရွေးကောက်ပွဲအောင်နိုင်ရေး မတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည် လားရှိုးသွားမည်
Anonymous | 2/18/2012 09:41:00 AM |
မြန်မာ့သတင်း
မတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ လားရှိုးခရီးစဉ်နောက်ပိုင်းမှသာ
တခြားမြို့နယ်သို့ စည်းရုံးရေးခရီးဆင်းမည် ဖြစ်ကြောင်း
လားရှိုးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဝင်ပြိုင် မည့် စိုင်းမြင့်မောင် က
ပြောသည်။
“ဒီနေ့မှ ကျနော်က လားရှိုးမြို့တွင်း စည်းရုံးရေးဆင်းခွင့် စာတင်တာ။ ၇ ရက် ကြိုတင် တင်ရတယ်လေ။ ၂၇ ရက် နေ့ လောက်မှ စဆင်းရမယ့်သဘောပေါ့။ မတ်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် လားရှိုးလာလည်ပြီးပြန် သွားမှ တခြားကျန်တဲ့ တန့်ယန်း၊ မိုင်းရယ် ၊ သိန္နီဘက် စဆင်းမယ်” ဟု စိုင်းမြင့်မောင်ကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်း
“ဒီနေ့မှ ကျနော်က လားရှိုးမြို့တွင်း စည်းရုံးရေးဆင်းခွင့် စာတင်တာ။ ၇ ရက် ကြိုတင် တင်ရတယ်လေ။ ၂၇ ရက် နေ့ လောက်မှ စဆင်းရမယ့်သဘောပေါ့။ မတ်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် လားရှိုးလာလည်ပြီးပြန် သွားမှ တခြားကျန်တဲ့ တန့်ယန်း၊ မိုင်းရယ် ၊ သိန္နီဘက် စဆင်းမယ်” ဟု စိုင်းမြင့်မောင်ကပြောသည်။
အမေရိကန် လွှတ်တော်ကို တိုက်ခိုက်မဲ့သူကို လက်ရဖမ်းမိ
Anonymous | 2/18/2012 09:37:00 AM |
နိုင်ငံတကာသတင်း
ဝါရှင်တန်ဒီစီ မြို့တော် အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ အနားမှာ
အကြမ်းဖက် တိုက်ခိုက်မှုကို စီစဉ်နေတယ်လို့ မသင်္ကာရသူ အသက် (၂၉) နှစ်အရွယ်
မော်ရိုကို နိုင်ငံသား Amine El Khalifi ကို လက်ရ ဖမ်းဆီး မိလိုက်ကြောင်း၊
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အမေရိကန် လုံခြုံရေး အရာရှိတွေက ပြောကြပါတယ်။
ရွှေညဝါဆရာတော်နှင့် သံဃာများ ဆွမ်းခံအလှူပစ္စည်း မီးဘေးဒုက္ခသည်များကို စွန့်ကြဲ
Anonymous | 2/18/2012 09:34:00 AM |
မြန်မာ့သတင်း
“၇၀၀
ဝန်းကျင်လောက် ရှိမယ်လို့ သီလရှင်တွေရော၊ သံဃာတော်တွေရော။
သီလရှင်တွေက ၁၉၀ ကျော်လောက်ရှိတယ်။ သံဃာက ၅၀၀ လောက် ရှိတယ်။
ကြည့်မြင်တိုင်၊ ကမာရွတ် အကုန်လုံးကို အလှည့်ကျနဲ့
ပုံမှန်အတိုင်းကြွတာလေ။ ဒီနေ့ ၇ ရက် ရှိသွားပြီလေ။
မီးဘေးဒုက္ခသည်တွေကိုလည်း သွားလှူတာ၊ ပြည် သွားလှူဦးမယ် ၇
ရက်မြောက်ပေါ့။”
ပါတီများ အသံလွှင့် ဟောပြောခွင့် ချုပ်ချယ်လွန်း
Anonymous | 2/18/2012 09:28:00 AM |
မြန်မာ့သတင်း
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ရေဒီယိုနဲ့
ရုပ်မြင်သံကြား တို့ကနေ နိုင်ငံရေး ပါတီတွေ ဟောပြော တင်ပြခွင့်နဲ့
ပတ်သက်တဲ့ ကန့်သတ်ချက်တွေဟာ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေနဲ့ ဆန့်ကျင်ဘက်
ဖြစ်နေသလို လက်ခံနိုင်စရာ မရှိဘူးလို့ ၀ါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က
ပြောလိုက်ပါတယ်။
NLD ကို မဲပေးဖို့ ဖျာပုံလူထုကို ဒေါ်စု တိုက်တွန်း
Anonymous | 2/18/2012 09:24:00 AM |
မြန်မာ့သတင်း
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို လာရောက်
နားထောင်ကြတဲ့ ဖျာပုံမြို့က လူထု။ (ဖေဖော်ဝါရီလ ၁၇၊ ၂၀၁၂)
မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ဖို့ အတွက် ပညာရေးကဏ္ဍ တိုးတက်ဖို့ဟာ
အန်မတန် အရေးတကြီး လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ ပါတီစည်းရုံးရေးအဖြစ်
ဖျာပုံမြို့ကို သွားစဉ်အတွင်း လူထုကို ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ
ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်သလို
လုံခြုံလွတ်လပ်တဲ့ ဘ၀တွေကို ပေးနိုင်မယ့် ဒီမိုကရေစီစနစ် ကြိုးပမ်းမှုတွေမှာ
လူထုအားလုံး ပါဝင်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။
အဲကမ္ဘောဇလေယာဉ် ရှေ့ဘီးချွတ်ယွင်း၊ ၀မ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရ
Anonymous | 2/18/2012 09:21:00 AM |
မြန်မာ့သတင်း
ရှမ်းပြည်နယ်
တောင်ပိုင်း ဟဲဟိုးကနေ ရခိုင်ပြည်နယ် သံတွဲကို ထွက်ခွာလာတဲ့ အဲကမ္ဘောဇ
လေယာဉ်ဟာ ဒီနေ့ နံနက်ပိုင်းက သံတွဲမြို့က လေယာဉ်ကွင်းမှာ
ရှေ့ဘီးကျိုးသွားခဲ့ပြီးတော့ ၀မ်းဗိုက်နဲ့ ဆင်းသက်ခဲ့ရပါတယ်။
စီးနင်းသူ
၅၇ ဦး လိုက်ပါလာတဲ့ အဲကမ္ဘောဇ ဟာ ဒီနေ့ မနက် ၁၀ နာရီခွဲ ကျော်လောက်မှာ
ဘီးချွှတ်ယွင်းသွားပြီးတော့ လေယာဉ်ပြေးလမ်းကြောင်းပေါ်ကနေချော်ထွက်ကာ
ကိုက် ၁၀၀ အကွာမှာ ၀မ်းဗိုက်နဲ့ ဆင်းသက်ခဲ့ရတယ်လို့ သံတွဲမြို့နယ်
မီးသတ်ဌာနက အရာရှိတဦးက ပြောပါတယ်။
တောင်ဒဂုံ နှင့် လှိုင်သာယာ မီးလောင်မှု
Anonymous | 2/18/2012 09:09:00 AM |
မြန်မာ့သတင်း
![]() |
| တောင်ဒဂုံ ၅၆ ရပ်ကွက် မီးလောင်မှု |
အလားတူ ယနေ့ မွန်းလွဲပိုင်းက လှိုင်သာယာ ၂၀ ရက်ကွက် မင်းရဲကျော်စွာ ၁ လမ်းတွင်လည်း မီးလောင်မှု ဖြစ်ပွားရာ လူနေအိမ် ၇ လုံးလောင်ကျွမ်းသွားသည်ဟု သိရသည်။
From MNN
ဒေါ်အောင်ဆန်းစုကြည် ဖျာပုံအားကစားကွင်းတွင် ဟောပြောခွင့် မရ
Anonymous | 2/18/2012 09:05:00 AM |
မြန်မာ့သတင်း
ဧရာဝတီတိုင်း
ဖျာပုံမြို့ ဘောလုံးကွင်းမှာ ဒီကနေ့ ကျင်းပဖို့ ပြင်ထားတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်ဟောပြောပွဲကို ပြည်ထောင်စု
အားကစားဝန်ကြီးက ခွင့်မပြုတဲ့အတွက် မြို့ကနေ နှစ်မိုင်အကွာက
သဲကွင်းမှာ ပြောင်းရွှေ့ခဲ့ရပါတယ်။
ဖျာပုံမြို့
နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ကိုသိန်းဆွေက “ဖျာပုံမြို့နယ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က
တရားဟောတယ်။ တရားဟောတဲ့အခါကျတော့ ဒီက အဲဒီရုံးရှေ့မှာ လာပြီး
နားထောင်တဲ့ လူတွေ ရှိတယ်လေ။
မြန်မာအစိုးရခေါင်းဆောင်ပိုင်း အီးယူ ပြည်ဝင်ခွင့် ပိတ်ပင်မှု ရုပ်သိမ်း
Anonymous | 2/18/2012 08:41:00 AM |
မြန်မာ့သတင်း
အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ
ဖြစ်ပေါ်နေတဲ့ အတွက်ကြောင့် ဥရောပသမဂ္ဂ ကနေ အရေးယူ ပိတ်ဆို့ထားမှု တချို့ကို
သောကြာနေ့မှာ ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။
ဝန်ထမ်းများကို ၂၀၁၂ ခုနှစ်တွင် လစာမတိုးပေးရန် ၀န်ကြီး မေတ္တာရပ်ခံ
Anonymous | 2/18/2012 08:40:00 AM |
မြန်မာ့သတင်း
ဧပြီ ၁
ရက်နေ့ကစမယ့် ဘဏ္ဍာရေးနှစ်မှာ ၀န်ထမ်းတွေကို လစာတိုးပေးဖို့
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အဆိုကို ပြန်ရုပ်သိမ်းပေးဖို့
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက တောင်းဆိုလိုက်ပြီး မလိုက်လျောရင်
မဲခွဲဖို့ အလားအလာ ရှိနေပါတယ်။
Subscribe to:
Posts (Atom)



