ဘုရားဖူးလာသူများ စေတီတော်ရင်ပြင်တွင်
ဘုရားဖူးရင်းဝိုင်ဖိုင်အသုံးပြုစေရန်အတွက် ရည်ရွယ်တပ်ဆင်
ခြင်းဖြစ်သည်ဟုဂေါပကအဖွဲ့ရုံးမှ ဦးသန်းခိုင်က ဆိုသည်။
ဝိုင်ဖိုင်အသုံးပြုရာတွင် မိနစ်
(၃၀)စာကဒ်များဖြင့်အခမဲ့အသုံးပြုနိုင်မည်ဖြစ်ကာ မိနစ် (၃၀)အချိန်ကုန်ပါက နောက်ထပ်
ကဒ်ထပ်ယူနိုင်ကြောင်းကိုလည်း သိရှိရသည်။
“ဝိုင်ဖိုင်ကိုPassword ပေးထားမှာဖြစ်တယ်။အသုံးပြုသူတွေကတော့အချိန်မရွေးအသုံးပြုနိုင်ရန်အတွက်
အသုံးပြု ခွင့်ကဒ်ထုတ်ပေးမှာဖြစ်တယ်။” ဟု ဦးသန်းခိုင်က
ပြောသည်။
စေတီတော်စတင်ဖွင့်ချိန်မှပိတ်ချိန်အထိအချိန်မရွေးအသုံးပြုနိုင်ရန်ဖြစ်ကာလတ်တလောတွင်စမ်းသပ်ကာ
လအဖြစ်လိုင်းတစ်လိုင်းသာဖွင့်ထားသော်လည်း နောင်တွင် စေတီတော်မုခ်အားလုံး၌တပ်ဆင်နိုင်ရန်စီ
စဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
၎င်းဝါယာလက် စနစ်အား ခရစ်စတယ်လ်ရှိုင်းကုမ္ပဏီမှ
ရွှေတိဂုံစေတီတော်ဂေါပကရုံးသို့ လှူဒါန်းထားခြင်းဖြစ်သည်။
ရွှေတိဂုံစေတီတော်သို့ ဇူလိုင် ၁
ရက်မှစ၍ ၂၄ ရက်အထိ ဧည့်ဝင်ဦးရေ ၁၄၃၈၃ဦးရှိပြီး ထိုင်း၊ ဂျပန်၊ ကိုရီးယား၊
တရုတ်နှင့် မလေးရှားနိုင်ငံတို့မှအများဆုံးလာရာက် ကြည်ညိုလျက်ရှိပြီကြောင်းနှင့်
လာမည့်ပွင့်လင်းကာလများတွင်း ဘုရားဖူးများ ပိုမိုဝင်ရောက်လာဖွယ်ရှိကြောင်းကိုလည်း
သိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)
No comments:
Post a Comment