Monday, July 30, 2012

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ – အပိုင်း(၄)

Ever November | 7/30/2012 02:14:00 PM | Best Blogger Tips

ပြင်ပထွက်နေတဲ့ သတင်းများအရ အတွင်းရေးမှူး (၂) ကို လုပ်ကြံကြတယ်လို့ သတင်း ထွက်နေသော်လည်း အနီးစပ်ဆုံး လုပ်ကြံမှုရှိနိုင်ရင်တောင် ပစ်ခတ်လုပ်ကြံမှု လုံးဝမဟုတ်ဘဲ ရဟတ်ယာဉ်ထဲကို ထည့်တဲ့ဆီသော် လည်းကောင်း၊ ချိန်ကိုက်ဗုံး သော်လည်းကောင်း ဖြစ်နိုင်သော်လည်း ရာခိုင်နှုန်း အင်မတန်နည်းပါတယ်။ အဲဒီလို ပြောရတဲ့ အကြောင်းရင်းကတော့ ရဟတ်ယာဉ် ပျက်ကျရာမှာ လွတ်မြောက်လာသူ တော်တော်များများ ရှိရာ သူတို့ရဲ့ ပါးစပ်ပေါက်ကို ပိတ်ဖို့ ခက်တာကြောင့် ပစ်ခတ်လုပ်ကြံမှု မဖြစ်နိုင်ကြောင်း သုံးသပ်ရခြင်း ဖြစ်ပါတယ်။ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးဟာ မကြာခဏ သူရဲ့ သမီးအပါအ၀င် စွယ်တော်မြတ် ဘုရားဖူး ဗုံးခွဲခံရမှုမှ သီသီလေး လွတ်ခဲ့တာကြောင့် သူသေလုဆဲဆဲမှာ လုပ်ကြံခံရတယ်လို့ ထင်မြင် ယူဆကာ နှုတ်မှ ဂယောင်ဂတမ်း သေခါနီး ပြောဆိုသွားခဲ့လို့ ကောလဟာလ သတင်း ထွက်ခြင်းဖြစ်နိုင်ပါတယ်။

သူ့ရဲ့ သမီး ဗုံးဖောက်ခွဲခံရတာနဲ့ စပ်လျဉ်းပြီး န၀တ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးက ထောက်လှမ်းရေးမှာ တာဝန်ရှိကြောင်း စွပ်စွဲပြောဆိုခဲ့လို့ အတွင်းရေးမှူး (၁) ဗိုလ်ခင်ညွှန့်က ထွက်စာတင်တာကို ဗိုလ်သန်းရွှေက လက်မခံခဲ့တာ တွေ့ရပါတယ်။ ကကလှမ်းကတော့ ဂယောင်ဂတမ်း ဂျပန်က ပါဆယ်ဗုံး ထုပ်ပို့တာပါလို့ ခေါင်းစဉ်တပ်လို့ ဂျပန်က ထောက်လှမ်းရေး ဗုံးကျွမ်းကျင်ပါရဂူများတောင် ရောက်လာပါတယ်။ ဒါပေမဲ့ ဂျပန်က တောင်းဆိုတဲ့ ဗုံးဆိုင်ရာ အချက်အလက်နဲ့ သဲလွန်စ အထောက်အထားတွေကို ပေးဖို့ပျက်ကွက်တာကြောင့် စွပ်စွဲချက် မမှန်ကြောင်း သိလာရပါတယ်။

အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးဟာ သူရဲ့သားနဲ့ ဗိုလ်သန်းရွှေ သမီး ဖောက်ပြန်နေတာနဲ့ ပတ်သက်ပြီး ဗိုလ်သန်းရွှေရဲ့ အမြင်မကြည်လင်မှု ခံရသလို ဗိုလ်ခင်ညွှန့်နဲ့ လည်း မတည့်လို့ ဗိုလ်မောင်အေးကို “ဖား” နေရပါတယ်။ ရန်သူနဲ့ ပတ်သက်ပြီး ဆဲဆို တင်းမာရက်စက် ကြမ်းကြုတ်တဲ့ မူဝါဒထားရှိလို့ ရန်သူရဲ့ ပစ်မှတ်လည်း ဖြစ်နေပါတယ်။

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်သို့ KNU ထိုးဖောက်စစ်ဆင်ရေးကြီး ဆင်နွှဲလာချိန်မှာ အတွင်းရေးမှူး(၂) ဗိုလ်တင်ဦးက တရုတ်မှ ၀ယ်ယူထားတဲ့ Missile များ အပါအ၀င် လက်နက်များကို လူသားပစ်မှတ်များ အဖြစ် ကရင် တိုင်းရင်းသားများကို ရက်စက်စွာ ပစ်ခိုင်းသူ ဖြစ်ပါတယ်။ အတွင်းရေးမှူး(၂) ဗိုလ်တင်ဦး ဟာ မြာပွေသူ အဖြစ် ကျော်ကြားခဲ့ပြီး ရှမ်းပြည်နယ် မိုင်းကိုင်မြို့မှာ ရှမ်းမတဦးနဲ့ ဇာတ်လမ်းဖြစ်ခဲ့သလို ရုပ်ရှင်မင်းသမီး (နံမည်သိပ်မရှိ) နံမည် (၄)လုံးနဲ့ စတီရီယို အဆိုတော်ကို (၉) မိုင်ရှိ ကိုတေဇရဲ့  ခြံထဲမှာ သင်္ကြန်အတွင်းမှာ နှစ်ပါးသွားပြီး “ကဲ” ခဲ့သူဖြစ်ပါတယ်။

သူရဲ့  ဇနီး အဖွားကြီးကို တပည့်တစ်ဦး အိမ်သွားကြည့်ဖို့ဆိုပြီး လိမ်ညာကာ ကိုတေဇ ခြံထဲ ထွက်ခွာ လာခဲ့ပြီး သူရဲ့  ဗိုလ်မှူးအား “ဖုံး” တွေ အားလုံး ပိတ်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ ဗိုလ်မှူးခမျာ တနာရီတကြိမ် စိတ်ပူပန်သောကကြီးစွာနဲ့ ကကကြည်းကို ဘာထူးလဲလို့ မေးရတာဖြင့် အမောဆို့ မတတ် ဖြစ်နေရှာပါတယ်။ ကိစ္စပြီးတော့ အပြန်မှာ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦး က တစ်စုံတခုကို သတိရပြီး “ဟေ့ကောင် ကား ခဏရပ်စမ်း ၊ မိန်းမ ငါ့ကို ရိပ်မိမှာ စိုးလို့” ဆိုပြီး ကြံရည်ဆိုင်မှ ရေခဲထည့်ထားတဲ့ ရေပုံးကို ရွှဲရွှဲစိုအောင် သူ့ကိုယ်ကို ရေလောင်းချ ပါတော့တယ်။ အဲဒီနေရာဟာ (၈) မိုင် မရမ်းကုန်းလမ်းဆုံ မီးပွိုင့်မှာ ဖြစ်နေတော့ ပတ်ဝန်းကျင် တ၀ိုက်ရှိ လူများက အံ့အားသင့်နေပြီး အတွင်းရေးမှူး (၂) ဗိုလ်တင်ဦး ဘာလုပ်နေပါလိမ့်လဲ ဆိုပြီး တအံတသြ ဖြစ်နေကြပါကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။
ဆောင်းပါးရှင်-စစ်ဘက်နှင့်နီးစပ်သူတစ်ဦး
photayokeking.org
သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ – အပိုင်း(၁)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1