Monday, July 30, 2012

ရက်သတ္တပတ်ပေါင်းများစွာ ဟင်းနုနွယ် ရွက်ကို ချက်စားနေတဲ့ အဲလစ်အိ(ဗ်)

Ever November | 7/30/2012 10:20:00 PM | Best Blogger Tips

အဲလစ်အိ(ဗ်)ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ မွေးဖွားခဲ့ပြီး မိဘနှစ်ပါးက သရုပ် ဆောင်တွေ ဖြစ်ကြ ပါတယ်။ ဖခင်ဖြစ်သူက ဟောလိဝုဒ် ရုပ်ရှင် လောက ထဲဝင်ဖို့ အမေရိကားကို ပြောင်းရွှေ့ခဲ့ပေမယ့် အဆင်မပြေတာကြောင့်  အဲလစ် ၁၃ နှစ်အရွယ်မှာ မိသားစု အင်္ဂလန်ကို ပြောင်းခဲ့ ကြပါတယ်။
အထက်တန်း ကျောင်းမှာ ပြဇာတ်တွေ ပါဝင်ကပြခဲ့ဖူးပါတယ်။ တက္ကသိုလ်က ဘွဲ့ရတဲ့အခါ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေနဲ့ ပြဇာတ်နှစ်ခုမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ Starter for 10 ရုပ်ရှင်ကားကြီးမှာ ပါဝင်ခဲ့ပြီး ၂၀၁၀ မှာ Sex and city, The Men in Black 3 မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

“ကျွန်မရဲ့ဘဝမှာ ၁၅ နှစ်လုံးလုံး တွေ့တဲ့ လူတိုင်းက မင်းမိဘတွေလို သရုပ်ဆောင်မှာလားလို့ မေးကြတဲ့အခါ ကျွန်မက မလုပ်ပါဘူးလို့ ပြောခဲ့ တယ်။ သရုပ်ဆောင်အလုပ်တွေကို စိတ်မဝင်စားဘဲ အောက်စဖို့ဒ်တက္ကသိုလ်တက်ပြီး အင်္ဂလိပ်စာနဲ့ ဘွဲ့ရခဲ့တယ်။ နောက်တော့ ငါတကယ်လုပ်ချင်တာက သရုပ်ဆောင်ပဲဆိုတာ သဘောပေါက်ခဲ့တယ်” လို့ပြောပါတယ်။
ပညာရေးကို ဦးစားပေးသင့်တဲ့အကြောင်း ပြောပြရာမှာ.. “တက္ကသိုလ်ကျောင်းက ဘွဲ့ရပြီးတဲ့နောက် ကျောင်းနေဖက် သူငယ်ချင်းတွေက လုပ်ငန်းခွင်ထဲ ဝင်ကြတယ်။ တချို့က ဂျာနယ်လစ်လိုင်းထဲ ဝင်ကြတယ်။ တချို့ကတော့ ဘဝအတွက် အာမခံရှိမယ့် အလုပ်မျိုးကို ရွေးချယ်ကြတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ လူငယ်တွေကို အကြံပေးချင်တာက ပညာရေးဟာ အရေးကြီးဆုံးဆိုတာပါပဲ။
ကျွန်မသာ ပညာတတ် မဟုတ်ခဲ့ရင် ခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ မထင်မိဘူး။ ပညာရေးဟာ ဒီကမ္ဘာပေါ်မှာ အရေးအကြီးဆုံးပဲ”။ She is out of my league မှာ သူ့မိဘနှစ်ပါးလည်း ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ Star Trek 2 မှာ ပါဝင်သရုပ်ဆောင်ဖို့ ရှိနေပြီး ထိုရုပ်ရှင်ကားအတွက် အစားရှောင်နေတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး.. “အဲဒီအကြောင်းနဲ့ ပတ်သက်လို့ များများစားစား ဖွင့်ပြောလို့ မရဘူး။ ကျွန်မ တစ်ခုပြောနိုင်တာ တစ်ခုက ရက်သတ္တပတ်ပေါင်းများစွာ ဟင်းနုနွယ်ရွက်ကို ချက်စားနေတယ် ဆိုတာပါပဲ”
8 Day Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1