Monday, July 30, 2012

ဦးအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်းရန် မဲပေးခဲ့သူများ၏ လက်မှတ်များ စုဆောင်း

Ever November | 7/30/2012 10:43:00 PM | Best Blogger Tips

ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုတ်သိမ်းရန်အတွက်၂၀၁၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့သူများ၏ လက်မှတ်များကို စုဆောင်းလျှက် ရှိရာ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ထိ လက်မှတ် ၂၀၀ ခန့် ရရှိပြီး ဖြစ်ကြောင်း တောင်ဥက္ကလာပ မြို့နယ်အနှံ့ လက်မှတ် စုဆောင်းရေး လုပ်ဆောင်မှုကို ဦးဆောင် ဆောင်ရွက်နေသူ ဦးမင်းအောင်က ပြောကြားသည်။

အနည်းဆုံး လက်မှတ် ၂၀၀၀ ခန့်အထိ ရရှိနိုင်ရန် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၉)၊ အပိုဒ် ၃၉၆ (လွှတ်တော် ကိုယ်စားလှယ် ပြန်လည်ရုတ်သိမ်းရေး အခန်း) တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုတ်သိမ်းလိုပါက မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း၏ ကန့်ကွက်မှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်ဟု ပါရှိသည့် အတွက် တောင်ဥက္ကလာပ မဲဆန္ဒနယ်တွင် မဲဆန္ဒရှင် ရှစ်သောင်းကျော်သာ ရှိသောကြောင့် ကန့်ကွက်သူ ဦးရေ ရှစ်ရာကျော် ရရှိမည် ဆိုပါက အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ကို ကန့်ကွက်နိုင်မည် ဖြစ်ကြောင်း ဦးမင်းအောင်က ရှင်းလင်း ပြောကြားသည်။

တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းတို့ အင်တာဗျူးတွင် အဆိုပါ လွတ်တော်ကိုယ်စားလှယ်က သမ္မတ ဦးသိန်းစိန်သည် မိမိ၏ သက်တမ်း ကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုခဲ့သော ဧရာဝတီ မြစ်ဆုံဆည်ကိုမဖြစ်မနေ ပြန်လည်တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောဆိုမှုများသည် ပြည်သူ
့ဆန္ဒနှင့် ဆန့်ကျင်နေသောကြောင့် ယခုကဲ့သို့ တာဝန်မှ ပြန်လည် ရုတ်သိမ်းရေး အတွက် ကန့်ကွက် စီစဉ်ရခြင်း ဖြစ်ကြောင်း အဆိုပါ လူပ်ရှားမှုတွင် ပါဝင်သော တောင်ဥက္ကလာပ မြို့နယ်မှ မဲဆန္ဒရှင် အချို့က ဆိုသည်။

ဦးအောင်သိန်းလင်းက Southern Weekend သတင်းစာသို့ ဖြေကြားမှုကို စိစစ်လျက်ရှိပြီး တွေ့ရှိချက် အပေါ် မူတည်၍ ပါတီ၏ စည်းကမ်းအရ ဆက်လက် အရေးယူသွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေး ပါတီက ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ထားသည်။

အဆိုပါ Southern Weekend သတင်းစာ အင်တာဗျူးတွင် ဖော်ပြထားသည့် အတိုင်း ပြောကြားခဲ့ခြင်း မရှိဘဲ အဆိုပါ သတင်းစာက ဘာသာပြန် လွဲမှားခြင်းသာ ဖြစ်ပြီး မိမိအနေဖြင့် မိခင်ပါတီက အပြစ်ပေးပါက ခံယူသွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြည်တွင်းထုတ် ဂျာနယ်တစ်စောင် မှတဆင့် ပြန်လည် ရှင်းလင်းထားသည်။ 
The Voice Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1