![]() |
မော်ရင်ဟို၏ ဆုံးဖြတ်ချက်ကို ထောက်ခံမည့် ကာဆီးလက်စ် |
မိုဒရစ်သည် ရီးရဲလ် အသင်းသို့
ပြောင်းရွှေ့ရန် ဆန္ဒရှိနေသူ ဖြစ်သော်လည်း စပါးစ် အသင်းမှ ၎င်းတို့ လိုချင်သည့်
ပြောင်းရွှေ့ကြေး မရသေး၍ ရောင်းချရန် ငြင်းဆန်နေခြင်းကြောင့်
အပြောင်းအရွှေ့မှာ ကြန့်ကြာနေရခြင်း ဖြစ်သည်။
ရီးရဲလ် အသင်း၏ အသင်းခေါင်းဆောင် ဖြစ်သူ
ကာဆီးလက်စ်မှ မိုဒရစ်အား ခေါ်ယူမှု အတွက် ပြောင်းရွှေ့ကြေးများစွာ
အသုံးပြုခြင်းကို ကန့်ကွက်သော်လည်း နည်းပြ မော်ရင်ဟို၏ ကစားသမား အင်အား
ဖြည့်တင်းမှု အစီအစဉ်ကိုတော့ ထောက်ခံခဲ့သည်။
ကာဆီးလက်စ်မှ “ကျွန်တော် သူ့ကို သိပါတယ်၊
သူက စပါးစ် အသင်းကို စရောက် ကတည်းက ကစားသမားကောင်း တစ်ယောက် ဖြစ်လာသူပါ၊
အကယ်၍ နည်းပြက သူ့ကို ခေါ်ယူခဲ့တယ် ဆိုရင် သူ့ဆီမှာ ဒီက ကစားသမားတွေနဲ့
ပူးပေါင်းနိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတာ သေချာပါတယ်”ဟု သူ၏ အမြင်ကို
ဖွင့်ဟ ပြောဆိုခဲ့သည်။
ကာဆီးလက်စ်မှ ဆက်လက်ပြီး ရီးရဲလ်အသင်းသည်
ယခုနှစ် ရာသီတွင် ချန်ပီယံလိဂ် ပြိုင်ပွဲ၏ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည်
ဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။
soccer weekly
No comments:
Post a Comment