Monday, July 30, 2012

ရွှေတိဂုံစေတီရင်ပြင်တော်တစ်ဝိုက်တွင် ၀ိုင်ဖိုင်အခမဲ့သုံးနိုင်တော့မည်

Ever November | 7/30/2012 01:59:00 PM | Best Blogger Tips

ရွှေတိဂုံစေတီရင်ပြင်တော်တစ်ဝှိက်တွင် သြဂုတ်လလဆန်းမှ စ၍ ၀ါယာလက်/ဝိုင်ဖိုင်စနစ် အခမဲ့အသုံးပြုနိုင်တော့ မည် ဖြစ်ကြောင်းရွှေတိဂုံစေတီဂေါပကအဖွဲ့ရုံးက သိရသည်။

ဘုရားဖူးလာသူများ စေတီတော်ရင်ပြင်တွင် ဘုရားဖူးရင်းဝိုင်ဖိုင်အသုံးပြုစေရန်အတွက် ရည်ရွယ်တပ်ဆင်   ခြင်းဖြစ်သည်ဟုဂေါပကအဖွဲ့ရုံးမှ ဦးသန်းခိုင်က ဆိုသည်။

ဝိုင်ဖိုင်အသုံးပြုရာတွင် မိနစ် (၃၀)စာကဒ်များဖြင့်အခမဲ့အသုံးပြုနိုင်မည်ဖြစ်ကာ မိနစ် (၃၀)အချိန်ကုန်ပါက နောက်ထပ် ကဒ်ထပ်ယူနိုင်ကြောင်းကိုလည်း သိရှိရသည်။

“ဝိုင်ဖိုင်ကိုPassword ပေးထားမှာဖြစ်တယ်။အသုံးပြုသူတွေကတော့အချိန်မရွေးအသုံးပြုနိုင်ရန်အတွက်
အသုံးပြု ခွင့်ကဒ်ထုတ်ပေးမှာဖြစ်တယ်။” ဟု  ဦးသန်းခိုင်က ပြောသည်။

စေတီတော်စတင်ဖွင့်ချိန်မှပိတ်ချိန်အထိအချိန်မရွေးအသုံးပြုနိုင်ရန်ဖြစ်ကာလတ်တလောတွင်စမ်းသပ်ကာ
လအဖြစ်လိုင်းတစ်လိုင်းသာဖွင့်ထားသော်လည်း နောင်တွင် စေတီတော်မုခ်အားလုံး၌တပ်ဆင်နိုင်ရန်စီ
စဉ်ဆောင်ရွက်သွားမည်   ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

၎င်းဝါယာလက် စနစ်အား  ခရစ်စတယ်လ်ရှိုင်းကုမ္ပဏီမှ ရွှေတိဂုံစေတီတော်ဂေါပကရုံးသို့ လှူဒါန်းထားခြင်းဖြစ်သည်။

ရွှေတိဂုံစေတီတော်သို့ ဇူလိုင် ၁ ရက်မှစ၍ ၂၄ ရက်အထိ ဧည့်ဝင်ဦးရေ ၁၄၃၈၃ဦးရှိပြီး ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့် မလေးရှားနိုင်ငံတို့မှအများဆုံးလာရာက် ကြည်ညိုလျက်ရှိပြီကြောင်းနှင့် လာမည့်ပွင့်လင်းကာလများတွင်း ဘုရားဖူးများ ပိုမိုဝင်ရောက်လာဖွယ်ရှိကြောင်းကိုလည်း သိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1