Monday, July 30, 2012

ဒေါ်အောင်ဆန်းစုကြည်ကို နယူးယောက်မှာ ဂုဏ်ပြုကြိုဆိုရန် စီစဉ်ညှိနိုင်းကြပြီ

Ever November | 7/30/2012 10:32:00 AM | Best Blogger Tips

လာမည့်စက်တင်ဘာလတတိယအပတ်တွင်အမေရိကပြည်ထောင်စုသို့  မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်လာရောက်မည်ဖြစ်ရာအမေရိကပြည်ထောင်စု၌ ရောက်ရှိနေကြသော မြန်မာ့ဒီမို
ကရေစီအင်အားစုများကသိုက်သိုက်ဝန်းဝန်းဂုဏ်ပြုကြိုဆိုကြမည်ဖြစ်သည့်အတွက်ကြိုတင်ပြင်ဆင်နေ
ကြပြီဖြစ်သည် ။ 
၎င်းကိစ္စနှင့်ပတ်သက်၍မနေ့ က(၂၈၇-၂၀၁၂) နေ့ ၌နယူးယောက်မြို့ တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများက ဂုဏ်ပြုကြိုဆိုနိုင်ရန် ကြိုတင်ညှိနိုင်းအစည်းအဝေးတရပ်ကို ကျင်းပခဲ့ ကြသည် ။

ယင်အစည်းအဝေးသို့ နယူးယောက်မြို့  စာပေနှင့် ယဉ်ကျေးမှူအဖွဲ့ နာယကကဗျာဆရာကြီး မောင်စွမ်းရည်
၊ ရွှေဝရောင်တော်လှန်ရေးကျောင်း -ဆရာတော် ဦးပညာဇေါတ၊နယူးယောက်မြို့ စာပေနှင့်ယဉ်ကျေးမှူအဖွဲ့  -အတွင်းရေးမှူး ဦးခိုင်အောင်ကျော် ၊  မိုးသီးဇွန်တို့  တက်ရောက် ခဲ့ ကြသည် ။

အစည်းအဝေးတွင် အခန်းအနားမှူးအဖြစ် ကိုနေတင်မြင့်က ဆောင်ရွက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် ကိုဆိုရန်အစီအစဉ်များကို ဆွေးနွေးတင်ပြသည် ။ ကိုအောင်မှ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်းနှင့်ဆက်သွယ်ထားခြင်းမှအစဂုဏ်ပြုကြိုဆိုရေးအတွက် ကော်
မီတီများ ဖွဲ့ စည်းနိုင်ရေးကို တင်ပြသည် ။ ကဗျာဆရာကြီး ဦးမောင်စွမ်းရည်မှ ဒေါ်အောင်ဆန်းစုကြည်၏
နိုင်ငံခြားခရီးစဉ်များမှာအကအခုန်တွေနှင့် ဖြစ်နေသည်သာများပြီးနိုင်ငံရေးအနှစ်သာရပါအောင် ပြုလုပ်
ကြစေ လိုကြောင်း တင်ပြသည် ။

ဆရာတော်ဦးပညာဇေါတမှကြိုဆိုပွဲတွင်မိမိတို့ ကိုယ်ကျိုးအတွက် ဒေါ်စုနှင့်အတူဓါတ်ပုံအရိုက်ခံကာပုလုပ်
ခြင်းများကို ရှောင်ရှားပေးကြရန် မိန့် မြွတ်သည် ။ ဦးခိုင်အောင်ကျော်မှ ကော်မီတီများဖွဲ့ ပြီး အကန့် လိုက် မိမိတို့ ကော်မီတီ အနေဖြင့် ဆောင်ရွက်စရာ

များကို ဆောင်ရွက်ကြပေးရန် တင်ပြသွားသည် ။ ၈၈-ကျောင်းသား မိုးသီးဇွန်က ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာနိုင်ငံရေးအနှစ်သာရပီပြင်စေရန်အတွက် မေးခွန်းများကိုတိတိကျကျ သေသေချာချာလက်ခံစု
ဆောင်းပြီး မေးသင့်သောမေးခွန်းများ ကို ညှိနိုင်းကာ စစ်ဆေးထားရန် လိုကြောင်း တင်ပြသွားသည် ။

အစည်းအဝေးတွင် တက်ရောက်လာသော သူများ၏ ဆန္ဒသဘောအရ ဂုဏ်ပြုကြိုဆိုပွဲကို ချို့ ယွင်းချက် အနည်းဆုံးနှင့်အမှားအနည်ဆုံးဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားခရီးစဉ်များကို သင်ခဏးစာယူပြီး ပြုလုပ်ကြရန် ကိုနေတင်မြင့်က တင်ပြသွားသည်။

မနေ့ က ဖွဲ့ စည်းလိုက်သော ဆပ်ကော်မီတီ၌ ဘဏ္ဍာရေးကော်မီတီ ၊ သတင်းနှင့် ပြန်ကြားရေးကော်မီတီ  ၊နေရာအစီအစဉ်နှင့် အခန်းအနားပြင်ဆင်ရေးကော်မီတီတို့ ကို ဖွဲ့ စည်းခဲ့ ပြီး မိမိတို့  ဆန္ဒအရ တာဝန်ယူ လက်ခံသဘောတူကြခဲ့ သည် ။

ယခုဖွဲ့ စည်းလိုက်သော ကော်မီတီများတွင်မပါဝင်လိုက်ရသောသူများကို နောက်လာမည့်တနင်းဂနွေ နေ့ 
တွင် ပြုလုပ်မည့်အစည်းအဝေး၌ ထပ်မံလက်ခံမည်ဖြစ်သည် ။ နယူးယောက်မြို့ သို့  ဒေါ်အောင်ဆန်းစုကြည်မှစက်တင်ဘာလတတိယအပတ်တွင်ရောက်ရှိလာမည်ဖြစ်ရာ
 မြန်မာ့ ဒီမိုကရေစီအင်အားစု တိုင်းရင်းသားလူမျိုးပေါင်းစုံမှ လုံခြုံရေးနှင့် စနစ်တကျ ကောင်းမွန်တွေ့ ဆုံ
နိုင်ရေးအတွက် အဖက်ဖက်မှ ကြိုတင်ညှိနိုင်းကြခြင်းဖြစ်သည် ။ အခန်းအနားမှူး အဖြစ် ဆောင်ရွက်သူ ကိုနေတင်မြင့်၏ အစည်းအဝေးတွင် ထုတ်ပြန်ချက်အရ ပြည်နယ်ပေါင်းစုံမှ တိုင်းရင်းသားညီနောင် ဒီမိုကရေစီအင်အားစုများမှ လာရောက်ကြမည်ဖြစ်ရာ ယခုအချိန်ထိ မည်သည့်အချိန် မည်သည့်နေ့ ရက်ကို တိကျစွာအချိန်ဇယားမထွက်သေး၍ ပြန်လည်ဖြေကြားနိုင်ခြင်းမရှိသော်လည်းလူဦးရေ-၃၀၀၀- ကျော်လောက် နယူးယောက်မြို့  ဂုဏ်ပြုကြိုဆိုပွဲသို့  တက်ရောက်လာကြမည်ဟု ခန့် မှန်းပြောဆိုနိုင်ကြောင်း တင်ပြသွားပါသည် ။။ 

ခိုင်အောင်ကျော်
သတင်းနှင့်ပြန်ကြားရေး ကော်မီတီ
ဂုဏ်ပြုကြိုဆိုပွဲ ကော်မီတီ - နယူးယောက်မြို့ 
အမေရိကပြည်ထောင်စု

moethihaaung blog 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1