Monday, July 30, 2012

ဆေးတက္ကသိုလ် တက်ရောက်ခွင့်အတွက် ယခင်က ကျောင်းသားဦးရေ အချိုးကို ပိုမိုခေါ်ယူခဲ့ရာမှ ယခုနှစ်တွင် ကျောင်းသားနှင့်ကျောင်းသူ အချိုး တန်းတူခေါ်ယူမည်

Ever November | 7/30/2012 02:02:00 PM | Best Blogger Tips
ဆေးတက္ကသိုလ်(၁) ၀င်းအတွင်း ဆေးကျောင်းသား၊ ကျောင်းသူများကို တွေ့ရစဉ်

ဆေးတက္ကသိုလ် တက်ရောက်ခွင့်အတွက် ယခင်က ကျောင်းသား ဦးရေအချိုးကို ပိုမိုခေါ်ယူခဲ့ရာမှ ယခုနှစ်တွင် ကျောင်းသားနှင့်ကျောင်းသူအချိုးတန်းတူခေါ်ယူမည် ဖြစ်ကြောင်း နေပြည်တော်ရှိ ဆေး
သိပ္ပံပညာဦးစီး ဌာနမှ သိရသည်။
ယခင်က ဆေးတက္ကသိုလ် တက်ရောက်ခွင့်ပြုရာတွင် ကျောင်းသား၊ ကျောင်းသူအချိုးမှာ ၆၀း၄၀ သတ် မှတ်ခဲ့ရာမှယခုပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူအချိုး၅၀း၅၀တန်းတူလက်ခံသွားမည် ဖြစ်
ကြောင်း သိရသည်။
“ဒီနှစ် ဆေးတက္ကသိုလ် တက်ရောက်ခွင့် ကျောင်းသားကျောင်းသူ အချိုးကို တန်းတူဖြစ်အောင် ပြောင်းထားပါတယ်။ ဒီနှစ်ကဆေးကျောင်း အားလုံးပေါင်း ကျောင်းသားကျောင်း သူဦးရေ ၁၂၀၀ လောက်ပဲ လက်ခံမှာ ဖြစ်တဲ့အတွက် အမှတ်အများဆုံးကစပြီး ရွေးချယ်သွားမှာပါ” ဟု နေပြည်တော်ရှိ ဆေးသိပ္ပံပညာဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခုနှစ်တွင် ဆေးတက္ကသိုလ် ၀င်ခွင့်ကျောင်းသားဦးရေ ယခင်နှစ်များထက် ထက်ဝက်နီးပါးလျှော့ချ မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ကျောင်းသားကျောင်းသူ အချိုးအား တန်းတူခေါ်ယူခြင်း ဖြစ်ကြောင်းနှင့် ၀င်ခွင့်အမှတ်များလည်း ယခင်နှစ်များထက် ပိုမိုမြင့်တက်နိုင်ကြောင်း  ဆေးတက္ကသိုလ်များရှိ သင်ကြားရေး ဆရာများက ဆိုပါသည်။
ယခုနှစ် ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ကျန်းမာရေးဝန်ကြီးဌာန ဆေးသိပ္ပံပညာဦးစီးဌာနတွင် ဇူလိုင် လ ၂၆ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့အတွင်း လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့အပြင်သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ်နှင့် အခြေခံကျန်းမာရေး တက္ကသိုလ်များတက်ရောက်ခွင့်ပြုရာ တွင် ကျောင်းသားကျောင်းသူ အချိုး မှာ ၈၀း၂၀ သတ်မှတ်ထားကြောင်း နှင့် သူနာပြုတက္ကသိုလ်တွင် ကျောင်း သားဦးရေအား ၁၀ ရာခိုင်နှုန်းသာ လက်ခံမည်ဖြစ်ကြောင်း ယခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ဖော်ပြထားချက်များအရ သိရသည်။
နိုင်ငံတကာ ဆေးပညာနယ်ပယ် အသီးသီးတွင် ဖြစ်ပေါ်တိုးတက်လျက် ရှိသည့် ဆေးပညာအဆင့်အတန်းနှင့် ရင်ပေါင်တန်းနိုင်သည့် ပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် အတွက် မြန်မာနိုင်ငံတွင် ၁၉၆၄ ခုနှစ်မှစ၍ ဘွဲ့လွန်ဆေးပညာသင်တန်းများ ဖွင့် လှစ်ပို့ချခဲ့ရာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဒီပလိုမာဘွဲ့ရရှိသူ ၂၀၅၃ ဦး၊ ဆေးပညာ မဟာသိပ္ပံဘွဲ့ ရရှိသူ ၄၅၅၂ ဦး၊ ပါရဂူဘွဲ့ရရှိသူ ၁၁၅ ဦးနှင့် ဆေးလက်တွေ့ပါရဂူ ဘွဲ့ရရှိသူ ၂၆၁ဦး  ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1