Monday, July 30, 2012

၂၆ နှစ်ခန့် ပိုမို အသက်ရှည် နိုင်သည့် လွယ်ကူသော နည်းများ

Ever November | 7/30/2012 10:48:00 PM | Best Blogger Tips

နှလုံး ရောဂါ၊ အရိုး ပါး ရောဂါ၊ ကင်ဆာ ရောဂါနဲ့ တခြား နာတာ ရှည်ရောဂါတွေရဲ့
ဖြစ်နိုင်ခြေကို ထက် ဝက်ခန့် လျှော့ချနိုင်တာနဲ့ ၂၆ နှစ်ခန့် အသက် ပိုမို ရှည်နိုင်တယ်လို့ လေ့လာမှုပေါင်း တစ်ဒါဇင်ကျော် အရ သိရပါတယ်။ ကိုယ်အလေးချိန်လျှော့ချတာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ပိုမိုစားသုံးတာ၊ ဆေးလိပ် ဖြတ်တာ၊ သွားဖုံးရောဂါနဲ့ နှလုံးသွေးကြောရောဂါ တွေလိုမျိုး နှလုံးရောဂါဖြစ်နိုင်ခြေကို ရှောင်ရှားတာ ကြောင့် အထက်ပါရောဂါတွေဖြစ်နိုင်ခြေကို လျှော့ချ နိုင်ပါတယ်။ အောက်ပါတို့ကို လိုက်နာပါက သင်ရဲ့ ရောဂါ ဖြစ်နိုင်ခြေ သုံးဆခန့် လျော့နည်းနိုင်တယ်လို့ UCLA မှ သုတေသီတွေက ဖော်ပြထားပါတယ်။
နာနတ်သီးစားတာကြောင့် အရိုးသန်မာစေနိုင်ပါတယ်
နာနတ်သီးမှာ မဂ္ဂနိစ်သတ္တုဓာတ်တွေ အမြောက် အမြားပါဝင်တာကြောင့် အရိုြးွကပ်ဆတ်မှုမဖြစ်အောင် နဲ့ အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ် လို့ စပိန်မှ လေ့လာမှုအသစ်အရ သိရပါတယ်။ မဂ္ဂနိစ် ဟာ အရိုးတွေသန်မာဖို့အတွက် ကယ်လ်စီယမ်လိုမျိုး လိုအပ်ပါတယ်။ အဲဒီသတ္တုဓာတ်ဟာ ကယ်လ်စီယမ် ကို အရိုးအတွင်းသို့ ရောက်ရှိအောင် ကူညီနိုင်လို့ပါ။
ဟင်းသီးဟင်းရွက်တွေ ပိုမိုစားချင်အောင် လမ်းလျှောက်ပါ
လမ်းလျှောက်တာကြောင့် ဦးနှောက်ရဲ့ အစာ စားချင်စိတ်ကို ဆုံးဖြတ်တဲ့အစိတ်အပိုင်းကို လှုံ့ဆော် မှုပေးနိုင်ပါတယ်။ သင့်ဦးနှောက်လှုံ့ဆော်မှုရအောင် နေ့စဉ် မိနစ် ၂၀လောက် လမ်းလျှောက်ပေးပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်စားချင်စိတ်ရှိတဲ့ ပမာဏ နှစ်ဆတိုးသွားနိုင်ပါတယ်။
ကယ်လိုရီများပြားတဲ့ အစားအစာတွေကို စားချင်စိတ် လွန်ကဲနေပါသလား
ငါးမိနစ်လောက် အပြင်းအထန်လေ့ကျင့်ခန်း လုပ်လိုက်ပါ။ ဒီလိုလုပ်တာကြောင့် ချွေးတွေထွက် လာပြီး အစာစားချင်စိတ် ၅၀ ရာခိုင်နှုန်းလျော့ကျနိုင် ပါတယ်။
အဆာပြေစာကို အချိန်ကိုက်စားတာကြောင့် ကိုယ်အလေးချိန် လျှော့ချနိုင်ပါတယ်
နေ့လယ်နေ့ခင်းမှာ အဆာပြေစာကို ပုံမှန်စား သုံးတဲ့အမျိုးသမီးတွေဟာ မနက်ပိုင်းမှာ အဆာပြေ စာ စားသူတွေထက် ကိုယ်အလေးချိန် ၅၇ ရာခိုင် နှုန်း ပိုမိုလျှော့ချနိုင်တယ်လို့ သိရပါတယ်။ နေ့ခင်း ထမင်းစားချိန်နဲ့ ညစာစားချိန်ကြားမှာ အချိန်အကွာ အဝေးဟာ ငါးနာရီ ဒါမှမဟုတ် ဒါထက် ပိုကြာတာ ကြောင့် နေ့ခင်းပိုင်းအချိန်မှာ အဆာပြေစာ စားတာ ဟာ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေတဲ့နည်း လမ်းဖြစ်ပြီး ညပိုင်းမှာ အစာလွန်ကျူးမှုမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ဟာချီစင် ကင်ဆာသုတေသန ဌာနမှ သုတေသီတွေက ရှင်းပြပါတယ်။ နံနက်စာ စားချိန်နဲ့ နေ့လယ်စာစားချိန်ကြားမှာ အချိန်အကွာ အဝေးဟာ အနည်းငယ်သာရှိတာကြောင့် မနက်ပိုင်း အဆာပြေစာစားတာဟာ သင့်ကို ကယ်လိုရီတိုးဖို့ သာ ရှိပါတယ်။
ဝိုင်အနီသောက်တာကြောင့် သွားဖုံးကျန်းမာရေး ကောင်းမွန်စေနိုင်ပါတယ်
ဝိုင်အနီမှာ ပါဝင်တဲ့ များစွာသော ပေါ်လီဖီ နောဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ သွားဖုံးရောင် ရမ်းတာမဖြစ်အောင် တားမြစ်နိုင်ပြီး ဘက်တီးရီး ယားတွေမှ ကော်လိုမျိုးအရာတွေ ထုတ်လုပ်မှုရပ် ဆိုင်းကာ သွား၊ သွားဖုံးနဲ့ သွေးကြောမှာ ချေးဖတ် တွေကပ်ခြင်းမရှိအောင် ကာကွယ်နိုင်ပါတယ်။ နေ့ စဉ် ဝိုင်အနီ နှစ်အောင်စ သောက်သုံးတာကြောင့် သွားပိုးပေါက်၊ သွားချေးဖတ်နဲ့ သွားဖုံးရောဂါဖြစ် နိုင်ခြေကို ၄၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပြီး နှလုံး ရောဂါဖြစ်နိုင်ခြေ ထက်ဝက်လျော့သွားနိုင်ပါတယ်။
အကောင်းမြင်စိတ်ရှိသူနဲ့ ပေါင်းပြီး အသက်ရှည်အောင်နေပါ
သင့်သူငယ်ချင်း၊ မိသားစုနဲ့ မိတ်ဆွေတွေထဲမှ အကောင်းမြင်စိတ်ရှိသူတွေနဲ့ ပုံမှန် ဆက်သွယ်အချိန် ဖြုန်းနေတာကြောင့် ခုနစ်နှစ်ခန့် အသက်ပိုရှည်နိုင် တယ်လို့ ကလစ်ဖ်လမ်းမှ သုတေသီတွေက တွေ့ရှိခဲ့ ပါတယ်။ တခြားသူတွေနဲ့ ဆက်ဆံနေရတာကြောင့် ရောဂါတွေ ဖြစ်စေနိုင်ပြီး တစ်သျှူးတွေအရွယ်မတိုင် ခင်အိုမင်းစေနိုင်တဲ့ အစွမ်းထက်ဖိစီးမှု ဟော်မုန်း ကော်တီဇောထုတ်လုပ်မှု လျော့ကျသွားလို့ပါ။
သင့်လက်ကို နှိပ်ပြီး ဆေးလိပ်ဖြတ်ပါ
လက်တွေကို နှစ်မိနစ်ခန့် ပုံမှန်နှိပ်နယ်မှုခံယူ တဲ့အမျိုးသမီးတွေဟာ တစ်လအတွင်း နေ့စဉ် ဆေး လိပ် ၁၆ လိပ်သောက်ရာမှ တစ်လိပ်သာ သောက် တော့တယ်လို့ လေ့လာမှုအရ သိရပါတယ်။ နှိပ်နယ် တာကြောင့် စိုးရိမ်စိတ်တွေ လျှော့ချနိုင်တဲ့ ပျော်ရွှင်မှု ဟော်မုန်းတွေ ထွက်ရှိလာပြီး ဆေးလိပ်သောက်ချင် စိတ်ပြင်းပြတာ ပျောက်ကင်းသွားနိုင်လို့ပါ။
ဒေါက်တာမိုးမိုး
Good Health

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1