Monday, July 30, 2012

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း (၁)

Ever November | 7/30/2012 12:03:00 PM | Best Blogger Tips
ဒီနေ့ စစ်အာဏာရှင် ပေါက်စလေးတွေလည်း သင်္ခါရတရားကိုနမူနာယူကြဖို့လိုကြောင်းနဲ့ နောက်နေ့တွေမှာ အထူး သတင်းဆောင်းပါးတွေ အဖြစ် ဆက်လက် တင်ပြသွားမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ ဗိုလ်ခင်ညွှန့် လျှမ်းလျှမ်းတောက် တန်ခိုးအာဏာ ထွားခဲ့စဉ်က ကက(ကြည်း)ကို ကိုင်ထားတဲ့ ဗိုလ်မောင်အေး အနေနဲ့ တိုင်းမှူးတွေကို “မင်းတို့ ထောက်လှမ်းရေးက ခိုင်းတိုင်း လိုက်မလုပ်နဲ့”“ငြိမ်းချမ်းရေးအဖွဲ့တွေ များလာတိုင်း အထင်ကြီးစရာမရှိဘူး” လို့ မှာကြားခဲ့ဘူးပါတယ်။ ဒါပေမဲ့ အဲဒီလို မှာကြားထားတဲ့ကြားထဲက တိုင်းမှူး တွေဟာ ဗိုလ်ခင်ညွှန့်ကို ကြောက်ရွံ့ကြလို့ ကက(လှမ်း)နဲ့ ကက(ကြည်း) စစ်ဦးစီး (ဗိုလ်မှူးချုပ်) စစ်ဆင်ရေး တို့ တိတ်တဆိတ် ညှိနှိုင်းကာ အောက်ခြေမှာ နားလည်မှု ယူ ကာလုပ်ပေးကြ ရတယ်လို့ သိရှိ ရပါတယ်။ မပခ တိုင်းမှူး ဖြစ်ခဲ့ဘူးတဲ့ ဗိုလ်ချုပ် စောလွင်ဆိုရင် ကေအိုင်အေနှင့် ဆက်ဆံရေးမကောင်းလို့ ကကလှမ်း Report နှင့် ဌာနလက်ကိုင်မရှိ ၀န်ကြီးအဖြစ် လွှင့်သွားခဲ့ဘူးပါတယ်။
ရမခတိုင်း သို့ စစ်သံမှူးများနဲ့ နိုင်ငံတကာက သံတမန်များ သွားရောက် လည်ပတ်တဲ့ ခရီးစဉ် တစ်ခုမှာ ကက (လှမ်း) က ကက(ကြည်း) ရဲ့ အရှိန်အ၀ါကို အသုံးပြုပြီး တိုင်းမှူးအား ခိုင်းလိုက်တာကြောင့် ဗိုလ်မောင်အေး မသိလိုက်ရတာမို့ ဒေါသူပုန် ထခဲ့ပါတယ်။ ဗိုလ်သန်းရွှေက သူတို့နှစ်ယောက် မတည့်တာကို အကြောဖြေခိုင်းတဲ့အနေနဲ့ သင်္ကြန် အခါတော်ရက် ကျတိုင်း ဗိုလ်ခင်ညွှန့်ရဲ့ ထောက်လှမ်းရေး ရေပက်ခံ မဏ္ဍပ်သို့ ဗိုလ်မောင်အေးအား သွားခိုင်းပါတယ်။ နှစ်တစ်နှစ်ရဲ့ သင်္ကြန်ကာလမှာ ဒေါက်တာဒေါ်တင်ဝင်းရွှေက အမျက်တော်ပြေ အဓိပ္ပာယ် စာသားပါတဲ့ သီချင်းကို အေ၀မ်းစိုးမြင့်တီးဝိုင်းနှင့်သီဆိုပြီး မြန်မာ့ရုပ်မြင်သံကြားတွင် ပြတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။
 ကျောက်တော်ဘုရားကြီး တည်ခဲ့တဲ့ ဗိုလ်ခင်ညွှန့်အပေါ် ဗိုလ်သန်းရွှေက ဘ၀င်မကျ ဖြစ်ခဲ့ပါတယ်။ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးတို့တွင် လှုပ်ရှားဆောင်ရွက်မှုတို့ အပေါ် ဒေါ်ကြိုင်ကြိုင်အား နေရာမပေးတဲ့အတွက် အမျက်တော် ရှတာကိုခံရပါတယ်။ ရွှေတိဂုံဘုရားရင်ပြင် အထက်ပစ္စယံ ပတ္တမြား မျက်ရှင် ဘုရားကြီးပေါ်သို့ ရွှေတိဂုံဘုရား ထီးမတင်ခင် ဗိုလ်ခင်ညွှန့် မနက်တိုင်း သွားရောက် ပုတီးစိတ် ဘုရားဝတ်ပြုတာကို ဗိုလ်သန်းရွှေက သဘောမကျကြောင်း သိရှိရပါတယ်။ အမျိုးသားညီလာခံ စတင်ကျင်းပစဉ် အချိန်ကာလက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်မယ်ပြောပြီးမှ ပြန်လည်ရုတ်သိမ်းခိုင်းတဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွှန့် သဘောထား ကွဲလွဲခဲ့တယ်လို့ သိရှိရပါတယ်။

အခုအချိန် မှာတော့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ဟာ လှောင်အိမ် ထဲက ငှက်ငယ်လေး သဖွယ် အကျယ်ချူပ် စံမြန်း နေရတာ ဟာဖြင့် တရား ကျစရာ ကောင်းလှပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ဟာ နအဖ အဖွဲ့အတွင်း တန်ခိုးအာဏာ အထက်ဆုံးလို့ ပြည်တွင်းက သတ်မှတ် ခဲ့ကြပါတယ်။ သူ့လက်သူ့ခြေနဲ့ ၁၉၈၈ မှ ၂၀၀၃ ခုနှစ်ထိ နေရာပေး ခံရသူ ဖြစ်ပါတယ်။ ဦးနေ၀င်းရဲ့  မြေး ဇွဲနေ၀င်းတို့ ကိစ္စနဲ့ စပ်လျဉ်းပြီး အာဏာရှင် ဗိုလ်သန်းရွှေက စတင် အညှိုးထား ခဲ့ရာမှ ဗိုလ်ခင်ညွှန့် “နေ၀င်” မှု စတင်ခဲ့ပါတယ်။ ပုဂံရှိ ဘုရားတဆူကို ဗိုလ်ခင်ညွှန့် ဦးစီးလုပ်တဲ့ ဘုရားကြီး ထီးတင်ပွဲမှာ ဘုရားထီး တည့်တည့် အနောက်ဘက်က တိုက်ဆိုင်စွာဖြင့် “နေ၀င်” သွားသည့် နိမိတ်ဆိုးများ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒေသဖွံ့ဖြိုးရေး စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင် တခွင်မှာ စစ်ဆေးနေခိုက် ဗိုလ်ခင်ညွှန့်ဟာ သူသွားရမဲ့ လျာထားတဲ့ လမ်းကြောင်း အတိုင်း မသွားဘဲ ဘုန်းကံနိမ့်စေမဲ့ တန်းအောက်တွေ ရှိတဲ့ လမ်းကြောင်းကို ဖြတ်သွားမိတဲ့ ရှေ့ပြေးနိမိတ်ဆိုးများအဖြစ် တွေ့နေရပါတယ်။ ဗိုလ်ခင်ညွှန့်က ဘုန်းကြီး (၉) ပါး ဆွမ်းကပ်ချင်လို့ ခွင့်တောင်းချိန်မှာ ဗိုလ်သန်းရွှေက ယတြာချေမှာ စိုးရိမ်လို့ (၉)ပါး အစား (၃) ပါးသာ ခွင့်ပြုခဲ့ပါတယ်။

သွားရောက်ခဲ့တဲ့ ဆရာတော်ကြီး တစ်ပါးက ဆွမ်းကပ်ခံရချိန်မှာ အချိုပွဲ ချိုတဲ့စွာ ကပ်နေရတဲ့ ဗိုလ်ခင်ညွှန့်ကို မြင်ရလို့ သင်္ခါရ တရားကျလှကြောင်း၊ မင်းမှုထမ်း ကမ်းနားသစ်ပင် ဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ခင်ညွှန့် ဆံပင်တွေဟာ ယခင်က အရောင်ဆိုးထားပြီး ယခုအခါ မဆိုးနိုင်ဘဲ တခေါင်းလုံး ဖြူဖွေးနေတဲ့အပြင် နေ့စဉ် တရားထိုင်နေရတဲ့ သူ့ဘ၀၊ ရဲတပ်ရင်းမှ စောင့်ကြပ်မှုနဲ့ အချုပ်ခံနေရတဲ့ ဘ၀ထဲမှာ မမြင်ရက်နိုင်စရာ၊ မကြည့်ရက်နိုင်စရာ သိမ်ငယ် နွမ်းပါးနေလို့ စုတ်တသတ်သတ်နဲ့ တရားကျလှစရာ ကောင်းကြောင်း၊ ဗိုလ်ခင်ညွှန့် လွှတ်ဖို့ရန် လောလောဆယ် မဖြစ်နိုင်သေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ခင်ညွှန့် ပေါင်းသွားမှာကို မလိုလားကြောင်း၊ ဗိုလ်ခင်ညွှန့် မူလအိမ်တွင် ရှိနေခဲ့စဉ်က ပြင်ပနှင့် အဆက်အသွယ်ရှိတယ်လို့ စစ်အာဏာရှင်တွေက သံသယ၀င်လာကာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ညမှာပင် ရဲချုပ်နဲ့ အကျဉ်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းတို့အား ချက်ချင်း နေရာပြောင်းရွှေ့ ခိုင်းပြီး ပိုမိုတင်းကြပ်တဲ့ အကျယ်ချုပ် ဘ၀သို့ စံမြန်းခဲ့ရတဲ့ ဖြစ်စဉ်ကို သံဝေဂတရား ကျလှပါကြောင်း၊ ပြည်တွင်းက စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့  ဆောင်းပါးပေးပို့လာပါတယ်။
ဆောင်းပါးရှင် - ပြည်တွင်းမှ စစ်ဘက်နီးစပ်သူများ
photayokeking.org

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1