Thursday, February 16, 2012
မန်းငြိမ်းမောင် အမှုတွင် ဝန်ကြီးဦးအောင်မင်းကို သက်သေခေါ်လို
Anonymous | 2/16/2012 11:42:00 PM | Best Blogger Tips
 နိုင်ငံတော် ပုန်ကန်မှုအပါအဝင် ပြစ်မှုကြီးများဖြင့် တရားစွဲဆိုခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် အမှုအတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းကို သက်သေအဖြစ် ခေါ်ဆိုပေးရန် ပဒိုမန်းငြိမ်းမောင်၏ ရှေ့နေက တရားရုံးသို့ ကြာသပတေးနေ့က လျှောက်ထားလိုက်သည်။
Print Friendly and PDF
ကုလ အထူးကိုယ်စားလှယ်နဲ့ ဒေါ်စု တွေ့ဆုံ
Anonymous | 2/16/2012 11:03:00 PM | Best Blogger Tips
မြန်မာနိုင်ငံတွင်း  စစ်မှန်တဲ့ တွေ့ဆုံမှု့တွေရှိမှ တိုင်းရင်းသားတွေကြား ပိုပြီး သွေးစည်းခိုင်မာမှုတွေ ရလာမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးအခြေအနေတွေဟာ ပိုပြီးကောင်းလာမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနို်င်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambia ကပြောပါတယ်၊ မစ္စတာ Vijay Nambia ဟာ ဒီကနေ့မှာတော့  ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံသလို တိုင်းရင်းသားအဖွဲ့တချို့ နဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြတာပါ၊ ဒီသတင်းကိုတော့ မသင်းသီရိက အပြည့်အစုံ ပြောပြပေးထားပါတယ်၊
Print Friendly and PDF
ဖျာပုံမြို့သို့ လာရောက်မည့်ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်
Anonymous | 2/16/2012 10:46:00 PM | Best Blogger Tips
(၁၇.၂.၂၀၁၂) ရက် ၊ သောကြာနေ့ ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီးလာရောက်မည့်
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်များ (အပိုင်း-၁)
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အားကစားကွင်း (ဘောလုံးကွင်း) အသုံးပြုခွင့် ပိတ်ပင်ခံရပြီးတဲ့နောက်မှာ ... ငိုရခက် ရယ်ရခက်ဖြစ်ရပ်တစ်ခု မနေ့က ထပ်မံဖြစ်ပျက်ခဲ့ပါတယ်။
Print Friendly and PDF
လယ်သိမ်း​ခံရသူ​တွေ တိုင်နိုင်တယ်၊​ မီဒီယာ​တွေက ဝိုင်း​ရပ်တည်​ပေး​ပါ
Anonymous | 2/16/2012 09:54:00 PM | Best Blogger Tips
လယ်သိမ်း​ ခံရတဲ့​ လယ်သမား​တွေအ​နေနဲ့​ အမှုဖွင့်​တိုင်ကြား​လိုရင် ကူညီ​ပေး​မယ်လို့​ မတူကွဲပြား​ခြား​နား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီဥက္ကဋ္ဌ ဦး​နေမျိုး​ဝေက ဖိတ်​ခေါ်လိုက်ပါတယ်။
ရန်ကုန်တိုင်း ​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာ လယ်သမား​တွေအမှုမှာ လယ်သမား​တွေကိုယ်စား​ ​ဇေကမ္ဘာကုမ္ပဏီကို မကြာခင်တရား​စွဲဆိုမယ့်​ ဦး​နေမျိုး​ဝေကို မြန်မာပြည်က လယ်ယာ​မြေသိမ်း​ဆည်း​မှု​တွေနဲ့​ပတ်သက်လို့​ ​မေး​မြန်း​ထား​ပါတယ်။
Print Friendly and PDF
အာဏာပိုင်များ​ ကတိချိုး​ဖျက်သည့်​အတွက် ပဒိုမန်း​ငြိမ်း​မောင် စိတ်မကျန်း​မာ ဖြစ်​နေ
Anonymous | 2/16/2012 09:43:00 PM | Best Blogger Tips
ပဒိုမန်း ငြိမ်း မောင်
အာဏာပိုင်​ တွေက တရား​မစွဲပါဘူး​ဆိုတဲ့​ ကတိ​ပေး​ပြီး​ သူ့​ကို ​သေဒဏ်ကျနိုင်တဲ့​ အမှုနဲ့​ တရား​စွဲဆိုထား​တဲ့​အတွက် ​ကေအန်ယူ​ခေါင်း​ဆောင်တဦး​ဖြစ်သူ ပဒိုမန်း​ငြိမ်း​မောင် စိတ်မကျန်း​မာ ဖြစ်​နေတယ်လို့​ သူ့​ရဲ့​ရှေ့​နေ ဦး​ကြီး​မြင့်​က ​ပြောပါတယ်။
Print Friendly and PDF
တာ​မွေ​ဈေး​ကို ​ပြောင်း​ရွှေ့​ရန် အစီအစဉ် ​ဈေး​သူ​ဈေး​သား​များ​ မ​ကျေနပ်
Anonymous | 2/16/2012 09:38:00 PM | Best Blogger Tips
photo - google map
ရန်ကုန် တာ​မွေမြို့​နယ် ကျိုက္ကဆံလမ်း​ပေါ်က တာ​မွေဗလီအနီး​မှာ ယာယီ တာ​မွေ​ဈေး​ကို ​ရွှေ့​ပြောင်း​ပြီး​တော့​ ​ဈေး​သည်​တွေကို အခွန်လွတ်​ဈေး​မှာ ​နေရာချထား​ပေး​ဖို့​ ​ဈေး​တာဝန်ရှိသူ​တွေက ​ပြောကြား​ခဲ့​ပါတယ်။
ဖေ​ဖော်ဝါရီ ၁၄ ရက်​နေ့​နဲ့​ ဒီက​နေ့​အပါအဝင် နှစ်ကြိမ် ​ဈေး​တာဝန်ရှိသူ​တွေက လာ​ရောက် ​ပြောဆိုခဲ့​တာပါ။
အစား​ထိုး​ ပြန်လည် ​ရောင်း​ချခွင့်​ရမယ့်​ ​နေရာသစ်ဟာ ကျဉ်း​သလို အဝင်အထွက်လမ်း​ကလည်း​ ကျဉ်း​မြောင်း​တာ​ကြောင့်​ ​ဈေး​သူ​ဈေး​သား​တွေက မ​ရွှေ့​ပြောင်း​ချင်ကြဘဲ ဖြစ်​နေကြတာပါ။
Print Friendly and PDF
CDMA 800mhz Phone များ၏ Miss Call အသုံးပြုမှုအား Phone Bill ၃၀၀ကျပ် ဖြတ်တောက်ခံနေရ
Anonymous | 2/16/2012 09:22:00 PM | Best Blogger Tips
CDMA 800mhz Phone များ၏ Miss Call အသုံးပြုမှုအား Phone Bill ၃၀၀ကျပ် ဖြတ်တောက်ခံနေရကြောင်း အသုံးပြုနေသူများထံမှ ကြားသိနေရပါသည်။ 
(''ဒီနေ့ သူငယ်ချင်းတစ်ယောက်မှ ပြောပြသဖြင့် မိမိကိုယ်တိုင်ပင်စမ်းသပ်အသုံးပြုကြည့်ပါသည်။
အသုံးမပြုမှီက ဖုန်းတွင်းမှလက်ကျန်ငွေအား စစ်ထားလိုက်ပါသည် ၆၁၇၅ကျပ်ကျန်ရှိပါသည်။
Print Friendly and PDF
မိုး​လေဝသနှင့်​ သဘာဝ​ဘေး​အန္တရာယ် သတင်း​ထုတ်ပြန်​ရေး​စခန်း​ ဖွင့်​မည်
Anonymous | 2/16/2012 08:49:00 PM | Best Blogger Tips
ဦးထွန်းလွင်
ထွန်း​လွင်​ ဖောင်​ဒေး​ရှင်း​နဲ့​ အန်ဂျီအို အဖွဲ့​အစည်း​တခုဖြစ်တဲ့​ Ecodep တို့​ ပူး​ပေါင်း​ပြီး​ ဧရာဝတီတိုင်း​မှာ မိုး​လေဝသနဲ့​ သဘာဝ​ဘေး​အန္တရာယ် သတင်း​ထုတ်ပြန်​ရေး​စခန်း​ တခု မတ်လမှာ စတင် ​ဆောင်ရွက်သွား​မယ်လို့​ ဦး​ထွန်း​လွင်က ​ပြောပါတယ်။
Print Friendly and PDF
မုံရွာ ဘူတာရုံအနီး စစ်ကျန်ဗုံး အမြောက်အများတွေ့ရှိ
Anonymous | 2/16/2012 08:44:00 PM | Best Blogger Tips
မုံရွာမြို့ ၊ ဘူတာရုံအရှေ့ဘက် ချမ်းမြသာစည် ရပ်ကွက်၊ မီးရထားလိုင်းခန်းတွင် အိမ်သာကျင်းတူးရာမှ ဒုတိယကမ္ဘာစစ်ကျန်ဗုံး အလုံးပေါင်း (၁၃၀)တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
                                    ဒုတိယ ကမ္ဘာစစ်ကျန်ဗုံးများအား တွေ့ရှိရစဉ်
Print Friendly and PDF
ပဲခူး​တွင် မဇ္ဈိမလှိုင်း​ စတိတ်ရှိုး​ အခမဲ့​ပြသ
Anonymous | 2/16/2012 08:38:00 PM | Best Blogger Tips
ပဲခူး​တိုင်း​ ပဲခူး​မြို့​မှာ ဒီက​နေ့​ည နာမည်ကြီး​အဆို​တော် ခင်​မောင်တိုး​ ပါဝင်တဲ့​ မဇ္ဈိမလှိုင်း​ ​တေး​ဂီတအဖွဲ့​ စင်တင်​ဖျော်​ဖြေပွဲကို အခ​ကြေး​ငွေ မယူဘဲ ပြသမယ်လို့​ ပဲခူး​မြို့​ခံ​တွေက ​ပြောပါတယ်။
ရွှေ​မော်​ ဓောဘုရား​ရဲ့​ အ​နောက်ဘက်မုခ်ကကွင်း​မှာ ကျင်း​ပမယ့်​ ဒီစတိတ်ရှိုး​ကို အဆို​တော် ခင်​မောင်တိုး​၊​ ကိုရဲလွင်၊​ ကို​နေဝင်း​၊​ ကိုသား​ထွေး​တို့​နဲ့​အတူ အမျိုး​သမီး​အဆို​တော် ​တော်​တော်များ​များ​လည်း​ သီဆို​ဖျော်​ဖြေမယ်လို့​ ​ကြေညာထား​တယ်လို့​ ဆိုပါတယ်။
Print Friendly and PDF
Anonymous | 2/16/2012 08:33:00 PM | Best Blogger Tips
ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူသွားရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
Print Friendly and PDF
ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေး အဆို ဘဏ္ဍာရေးဝန်ကြီး ငြင်း
Anonymous | 2/16/2012 08:29:00 PM | Best Blogger Tips
 နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန် သူရဦးရွှေမန်း၏ အဆိုကို ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်း က ငြင်းဆိုလိုက်ပြီး ဝေးလံခေါင်သီသည့် ဒေသများမှ ဝန်ထမ်းသုံးသောင်းကျော်ကိုသာ ဒေသတွင်း အသုံးစရိတ်နှုန်းထားများ တိုးမြှင့်ပေးရန်ရှိသည်ဟု လွှတ်တော်တက် အမတ်များက ပြောသည်။
"ဝန်ကြီးကတော့ ပေးရမယ့်လူဆိုတော့ ငြင်းတာပေါ့ဗျာ
Print Friendly and PDF
ဒေါ်​အောင်ဆန်း​စုကြည် မတ်လဆန်း​တွင် မန္တ​လေး​သွား​မည်
Anonymous | 2/16/2012 08:23:00 PM | Best Blogger Tips
Print Friendly and PDF
ရန်ကုန်မှာ မိုးပျံနဲ့ မြေအောက် ရထားလိုင်း တည်ဆောက်ရေး လေ့လာနေ
Anonymous | 2/16/2012 08:18:00 PM | Best Blogger Tips
ရန်ကုန်မြို့လယ်ရှိ ဆူးလေ စေတီတော်ပုံ ဖြစ်ပါသည်။
ရန်ကုန်မြို့မှာ မိုးပျံရထားနဲ့ မြေအောက် ရထားလိုင်း တည်ဆောက်နိုင်မယ့် အခြေအနေကို အစိုးရက လေ့လာနေတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဖြစ်နိုင်မယ့် နည်းလမ်းတွေကို နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ဆွေးနွေး ကြည့်နေတယ်လို့ မီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
Print Friendly and PDF
ဗိုလ်ချုပ်မှူးကြီး(ဟောင်း)ဦးသန်းရွှေ ရဲ့  အမိန့်ကို နာခံစရာ မလိုတော့ပါဘူးလို့  ၀န်ကြီးဦးအောင်မင်း ပြောကြား
Anonymous | 2/16/2012 03:27:00 PM | Best Blogger Tips
ဗိုလ်ချုပ်မှူးကြီးအဖြစ် နှစ် ၂၀ နီးပါး တန်ခိုးထွားခဲ့တဲ့ ဦးသန်းရွှေ စာဖတ်နေတယ် လို့ အစိုးရ၀န်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောလိုက်ကြောင်း Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။
Print Friendly and PDF
ကျောင်း​က​နေခွာရမည့်​ ​ရွှေညဝါဆရာ​တော် သစ်ပင်​အောက် သီတင်း​သုံး​မည်
Anonymous | 2/16/2012 03:24:00 PM | Best Blogger Tips
                              ရွှေညဝါဆရာ ​တော် ဘဒ္ဒန္တ ဦး​ပညာသီဟဟာ လာမယ့်​ ၁၉ ရက်​နေ့​ကျရင် လက်ရှိ သီတင်း​သုံး​နေထိုင်တဲ့​ ရန်ကုန်တိုင်း​ဒေသကြီး​ ကြည့်​မြင်တိုင်မြို့​နယ်တွင်း​က သာဓု ပရိယတ္တိစာသင်တိုက်က​နေ ထွက်ခွာမှာဖြစ်ပြီး​ ​မှော်ဘီမြို့​နယ်က ခြံတခြံရဲ့​ သစ်ပင်​အောက် သီတင်း​သုံး​မှာ ဖြစ်ပါတယ်။
Print Friendly and PDF
OSS အဖွဲ့၏ ကား CIF ဈေးနှုန်းသတ်မှတ်ချက်အချို့ မှားယွင်းနေကြောင်း ဝေဖန်လာကြ Alphard အမျိုးအစားကားတစ်မျိုးတည်း၏ ဈေးကွဲလွဲမှုသည်ပင် နိုင်ငံအတွက်အခွန်ကျပ် ၁၀ ဘီလျံနစ်နာနိုင်
Anonymous | 2/16/2012 03:21:00 PM | Best Blogger Tips
အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁၅၀၀၀ မှ ၂၀၀၀၀ အထိတန်ကြေးရှိပြီး နိုင်ငံတော်မှ အခွန် ကျပ် ၁၀ ဘီလျံဝန်းကျင်အထိ နစ်နာသွားနိုင်သည့် Toyota Alphard 2002အမျိုးအစားကား
Print Friendly and PDF
Wednesday, February 15, 2012
ပြည်ပရောက်မြန်မာများ နိုင်ငံမဲ့မဖြစ်စေရဟု သူရဦးရွှေမန်း ပြောကြား
Anonymous | 2/15/2012 10:06:00 PM | Best Blogger Tips
ပြည်သူု့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်၊ ဒုတိယအတွင်းရေးမှူး ချုပ်မစ္စတာ ဗီဂျေနမ်ဘီးယား အား ပြည်ထောင်စုလွှတ်တော် အဆောက်အအုံတွင် ယနေ့ နေ့လယ်ပိုင်းက လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Print Friendly and PDF
မြန်မာကို စီးပွားရေးအတွက်သာ မရှုမြင်ရန် တရုတ်အား ဒေါ်အောင်ဆန်းစုကြည် ပြော
Anonymous | 2/15/2012 10:00:00 PM | Best Blogger Tips
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေး လုပ်ကွက် တခုအဖြစ်သာ မရှုမြင်ရန် ပြောဆိုလိုက်သည်။
                         Southern People Weekly မဂ္ဂဇင်း မျက်နှာဖုံး
တရုတ်နိုင်ငံ Guangdong အခြေစိုက် Southern People Weekly မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။
Print Friendly and PDF
ပဒိုမန်း​ငြိမ်း​မောင်အမှုတွင် တာဝန်ရှိသူများ​၏ ​ပြောကြား​ချက်သည် တရား​ရုံး​ကို မထီမဲ့​မြင် ပြုလုပ်ဟုဆို
Anonymous | 2/15/2012 09:56:00 PM | Best Blogger Tips
ပဒိုမန်း ငြိမ်း မောင်
ပဒိုမန်း​ ငြိမ်း​မောင်အမှုနဲ့​ ပတ်သက်လို့​ သက်ဆိုင်ရာ တာဝန်ရှိသူ​တွေရဲ့​ ဂျာနယ်​တွေမှာ ​ပြောဆိုချက်​တွေဟာ တရား​ရုံး​ကို မထီမဲ့​မြင်ပြုလုပ်ချက်​တွေ ဖြစ်တယ်လို့​ ပဒိုမန်း​ငြိမ်း​ဘက်က လိုက်ပါ​ဆောင်ရွက်တဲ့​ ဥပ​ဒေအကြံ​ပေး​ ဦး​အောင်သိန်း​က ​ဝေဖန် ​ပြောဆိုလိုက်ပါတယ်။
Print Friendly and PDF
စစ်တပ်လွှမ်းမိုးမှု လျှော့ချရေး လွှတ်တော်တွင်း ဆွေးနွေး
Anonymous | 2/15/2012 09:51:00 PM | Best Blogger Tips
တပ်မတော်နှင့် ပြည်သူအကြား နားလည်မှု ပြန်လည် တည်ဆောက်၍ ပြည်သူ၏ ယုံကြည် အားထားမှု ရယူနိုင်ရေးနှင့် ပတ်သက် ပြီး လွှတ်တော် ကိုယ်စားလှယ်များကဆွေးနွေး တောင်းဆိုကြကြောင်း သိရသည်။
စစ်တပ်၏ အခန်းကဏ္ဍ လွှမ်းမိုးကြီးစိုးနေခြင်းကို လျှော့ချပြီး ပြည်တွင်းစစ်ရပ်စဲ၍ ပြည်ပရန် ကာကွယ်ရေး အတွက်သာ ဦး တည်ရေး၊ ကြည်း၊ ရေ၊ လေ တပ်မတော်သုံးရပ် စလုံးကို တပြေးညီ ကျစ်လျစ်ခေတ်မီရေး စသည်တို့ကို ကိုယ်စားလှယ်များက တင်ပြဆွေးနွေး ခဲ့ကြကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်  ဒေါက်တာ အေးမောင် က ပြောသည်။
Print Friendly and PDF
စင်ကာပူ စီး​ပွား​ရေး​ကုမ္ပဏီများ​ မြန်မာပြည်တွင် အခွင့်​အလမ်း​ရှာ
Anonymous | 2/15/2012 09:46:00 PM | Best Blogger Tips
မြန်မာပြည်မှာ လာ​ရောက်ရင်း​နှီး​မြှုပ်နှံဖို့​ ရည်ရွယ်ချက်နဲ့​ စင်ကာပူ စီး​ပွား​ရေး​ကုမ္ပဏီ ၇၀ ​ကျော်က ကိုယ်စား​လှယ်​တွေ ၁၀၀ ​ကျော် ပါဝင်တဲ့​ အဖွဲ့​ဟာ အစိုး​ရ ရုံး​စိုက်တဲ့​ ​နေပြည်​တော် ကို ​ရောက်​နေပါတယ်။
ခရီး​သွား​ဝန် ​ဆောင်မှု ကုမ္ပဏီ၊​ ​ငွေ​ကြေး​စီမံခန့်​ခွဲမှုလုပ်ငန်း​၊​ ကုန်သွယ်​ရေး​၊​ စက်မှုလုပ်ငန်း​၊​ ​ရေနံနဲ့​ သဘာဝဓာတ်​ငွေ့​ထုတ်လုပ်မယ့်​ စွမ်း​အင်ကုမ္ပဏီ​တွေက ကိုယ်စား​လှယ်​တွေဟာ ဒီက​နေ့​ သမ္မတဦး​သိန်း​စိန်၊​ ဝန်ကြီး​ဌာန​တွေက အရာရှိ​တွေနဲ့​ သီး​ခြား​ ​တွေ့​ဆုံခဲ့​တယ်လို့​ သိရပါတယ်။
Print Friendly and PDF
ဒေါ်စု မရမ်းကုန်းနဲ့လှည်းကူး မဲဆွယ် စည်းရုံးရေးဆင်း
Anonymous | 2/15/2012 09:36:00 PM | Best Blogger Tips
ဓာတ်ပုံ ASSOCIATED PRESS
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှည်းကူး စည်းရုံးရေးခရီးစဉ်မှာ ပြည်သူလူထုကို မဲဆွယ်စည်းရုံးနေစဉ်။ ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၂။
ကြားဖြတ်ရွေးကောက်ပွဲအတွက် မရမ်းကုန်းမြို့နယ်နဲ့ လှည်းကူးမြို့နယ်တွေကို ပါတီစည်းရုံးရေးခရီး ဒီကနေ့ သွားရောက်ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က - လူထုတွေအနေနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်ပြီးတော့ - လစ်လပ် မဲဆန္ဒနယ်မြေအားလုံးမှာ NLD အနိုင်ရဖို့အတွက် - NLD ကိုယ်စားလှယ်လောင်းတွေကို မဲပေးထောက်ခံကြဖို့ အတွက် တိုက်တွန်းပြောဆိုသွားပါတယ်။
Print Friendly and PDF
မြန်မာပြည်မှာ အထင်ကြီး​စရာ အ​ခြေအ​နေ ​တွေ့​ခဲ့​ရဟု ဂျိုး​ဇက်စတစ်ဂလစ် ​ပြော
Anonymous | 2/15/2012 09:30:00 PM | Best Blogger Tips
မြန်မာပြည်ကို စီး​ပွား​ရေး​အကြံ​ပေး​ဖို့​ သွား​ရောက်ခဲ့​တဲ့​ ထင်ရှား​တဲ့​ စီး​ပွား​ရေး​ပညာရှင် ဂျိုး​ဇက်စတစ်ဂလစ်က မြန်မာပြည်မှာ အရင်နဲ့​မတူ အထင်ကြီး​လောက်စရာ အ​ခြေအ​နေ​တွေကို ​တွေ့​ခဲ့​ရတယ်လို့​ ​ပြောပါတယ်။
ဂျိုး​ဇက်စတစ်ဂလစ်(ဓာတ်​ပုံ-​ရိုက်​တာ)
မြန်မာသမ္မတ ဦး​သိန်း​စိန်၊​ အစိုး​ရပိုင်း​က ဝန်ကြီး​တွေ၊​ အရပ်ဘက် အဖွဲ့​အစည်း​တွေနဲ့​ ​တွေ့​ဆုံခဲ့​တဲ့​ ဂျိုး​ဇက်စတစ်ဂလစ်က အခုခရီး​စဉ်မှာ ၂၀၀၉ ခုနှစ် ခရီး​နဲ့​ မတူတဲ့​ တိုး​တက်မှု​တွေကို ​တွေ့​ခဲ့​ရတဲ့​အ​ကြောင်း​ ဒီဗွီဘီနဲ့​ သီး​သန့်​ ​မေး​မြန်း​ခန်း​မှာ ​ပြောပါတယ်။
Print Friendly and PDF
တာချီလိတ်တွင် စိတ်ကြွဆေးပြား ၈ သန်းကျော်နှင့် လက်နက်များ ဖမ်းမိ
Anonymous | 2/15/2012 09:26:00 PM | Best Blogger Tips
ရှမ်းပြည်အရှေ့ပိုင်း ထိုင်းနိုင်ငံ နယ်စပ် တာချီလိတ်မြို့တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၈ သန်း ၇ သိန်းကျော်နှင့် လက်နက်များကို တနင်္လာနေ့က ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့နယ် မူးယစ်အာဏာပိုင် အသိုင်းအဝိုင်းထံမှ သိရသည်။
Print Friendly and PDF
England - Premier League
Italy - Serie A
Spain - Primera Division
Germany - Bundesliga
France - Ligue 1