နိုင်ငံတော် ပုန်ကန်မှုအပါအဝင်
ပြစ်မှုကြီးများဖြင့် တရားစွဲဆိုခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU
ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် အမှုအတွက် ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းကို
သက်သေအဖြစ် ခေါ်ဆိုပေးရန် ပဒိုမန်းငြိမ်းမောင်၏ ရှေ့နေက တရားရုံးသို့
ကြာသပတေးနေ့က လျှောက်ထားလိုက်သည်။
Thursday, February 16, 2012
မန်းငြိမ်းမောင် အမှုတွင် ဝန်ကြီးဦးအောင်မင်းကို သက်သေခေါ်လို
Anonymous | 2/16/2012 11:42:00 PM |
မြန်မာ့သတင်း
ကုလ အထူးကိုယ်စားလှယ်နဲ့ ဒေါ်စု တွေ့ဆုံ
Anonymous | 2/16/2012 11:03:00 PM |
မြန်မာ့သတင်း
မြန်မာနိုင်ငံတွင်း စစ်မှန်တဲ့ တွေ့ဆုံမှု့တွေရှိမှ
တိုင်းရင်းသားတွေကြား ပိုပြီး သွေးစည်းခိုင်မာမှုတွေ ရလာမှာဖြစ်သလို
ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်း
မြန်မာ့နိုင်ငံရေးအခြေအနေတွေဟာ ပိုပြီးကောင်းလာမယ်လို့
မျှော်လင့်တဲ့အကြောင်း မြန်မာနိုင်ငံကိုရောက်နေတဲ့
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနို်င်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ
Vijay Nambia ကပြောပါတယ်၊ မစ္စတာ Vijay Nambia ဟာ ဒီကနေ့မှာတော့ ရန်ကုန်မှာ
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံသလို တိုင်းရင်းသားအဖွဲ့တချို့ နဲ့လည်း
တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြတာပါ၊ ဒီသတင်းကိုတော့ မသင်းသီရိက
အပြည့်အစုံ ပြောပြပေးထားပါတယ်၊
ဖျာပုံမြို့သို့ လာရောက်မည့်ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်
Anonymous | 2/16/2012 10:46:00 PM |
မြန်မာ့သတင်း
(၁၇.၂.၂၀၁၂) ရက် ၊ သောကြာနေ့ ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီးလာရောက်မည့်
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်များ (အပိုင်း-၁)
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အားကစားကွင်း
(ဘောလုံးကွင်း) အသုံးပြုခွင့် ပိတ်ပင်ခံရပြီးတဲ့နောက်မှာ ... ငိုရခက်
ရယ်ရခက်ဖြစ်ရပ်တစ်ခု မနေ့က ထပ်မံဖြစ်ပျက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်များ (အပိုင်း-၁)
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အားကစားကွင်း (ဘောလုံးကွင်း) အသုံးပြုခွင့် ပိတ်ပင်ခံရပြီးတဲ့နောက်မှာ ... ငိုရခက် ရယ်ရခက်ဖြစ်ရပ်တစ်ခု မနေ့က ထပ်မံဖြစ်ပျက်ခဲ့ပါတယ်။
လယ်သိမ်းခံရသူတွေ တိုင်နိုင်တယ်၊ မီဒီယာတွေက ဝိုင်းရပ်တည်ပေးပါ
Anonymous | 2/16/2012 09:54:00 PM |
မြန်မာ့သတင်း
လယ်သိမ်း
ခံရတဲ့ လယ်သမားတွေအနေနဲ့ အမှုဖွင့်တိုင်ကြားလိုရင် ကူညီပေးမယ်လို့
မတူကွဲပြားခြားနားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက
ဖိတ်ခေါ်လိုက်ပါတယ်။
ရန်ကုန်တိုင်း
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ လယ်သမားတွေအမှုမှာ
လယ်သမားတွေကိုယ်စား ဇေကမ္ဘာကုမ္ပဏီကို မကြာခင်တရားစွဲဆိုမယ့်
ဦးနေမျိုးဝေကို မြန်မာပြည်က လယ်ယာမြေသိမ်းဆည်းမှုတွေနဲ့ပတ်သက်လို့
မေးမြန်းထားပါတယ်။
အာဏာပိုင်များ ကတိချိုးဖျက်သည့်အတွက် ပဒိုမန်းငြိမ်းမောင် စိတ်မကျန်းမာ ဖြစ်နေ
Anonymous | 2/16/2012 09:43:00 PM |
မြန်မာ့သတင်း

ပဒိုမန်း ငြိမ်း မောင်
အာဏာပိုင်
တွေက တရားမစွဲပါဘူးဆိုတဲ့ ကတိပေးပြီး သူ့ကို သေဒဏ်ကျနိုင်တဲ့
အမှုနဲ့ တရားစွဲဆိုထားတဲ့အတွက် ကေအန်ယူခေါင်းဆောင်တဦးဖြစ်သူ
ပဒိုမန်းငြိမ်းမောင် စိတ်မကျန်းမာ ဖြစ်နေတယ်လို့ သူ့ရဲ့ရှေ့နေ
ဦးကြီးမြင့်က ပြောပါတယ်။
တာမွေဈေးကို ပြောင်းရွှေ့ရန် အစီအစဉ် ဈေးသူဈေးသားများ မကျေနပ်
Anonymous | 2/16/2012 09:38:00 PM |
မြန်မာ့သတင်း

photo - google map
ရန်ကုန်
တာမွေမြို့နယ် ကျိုက္ကဆံလမ်းပေါ်က တာမွေဗလီအနီးမှာ ယာယီ တာမွေဈေးကို
ရွှေ့ပြောင်းပြီးတော့ ဈေးသည်တွေကို အခွန်လွတ်ဈေးမှာ
နေရာချထားပေးဖို့ ဈေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့နဲ့ ဒီကနေ့အပါအဝင် နှစ်ကြိမ် ဈေးတာဝန်ရှိသူတွေက လာရောက် ပြောဆိုခဲ့တာပါ။
အစားထိုး
ပြန်လည် ရောင်းချခွင့်ရမယ့် နေရာသစ်ဟာ ကျဉ်းသလို
အဝင်အထွက်လမ်းကလည်း ကျဉ်းမြောင်းတာကြောင့် ဈေးသူဈေးသားတွေက
မရွှေ့ပြောင်းချင်ကြဘဲ ဖြစ်နေကြတာပါ။
CDMA 800mhz Phone များ၏ Miss Call အသုံးပြုမှုအား Phone Bill ၃၀၀ကျပ် ဖြတ်တောက်ခံနေရ
Anonymous | 2/16/2012 09:22:00 PM |
မြန်မာ့သတင်း
CDMA 800mhz Phone များ၏ Miss Call အသုံးပြုမှုအား Phone Bill ၃၀၀ကျပ် ဖြတ်တောက်ခံနေရကြောင်း အသုံးပြုနေသူများထံမှ ကြားသိနေရပါသည်။
(''ဒီနေ့ သူငယ်ချင်းတစ်ယောက်မှ ပြောပြသဖြင့် မိမိကိုယ်တိုင်ပင်စမ်းသပ်အသုံးပြုကြည့်ပါသည်။
အသုံးမပြုမှီက ဖုန်းတွင်းမှလက်ကျန်ငွေအား စစ်ထားလိုက်ပါသည် ၆၁၇၅ကျပ်ကျန်ရှိပါသည်။
မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ် သတင်းထုတ်ပြန်ရေးစခန်း ဖွင့်မည်
Anonymous | 2/16/2012 08:49:00 PM |
မြန်မာ့သတင်း

ဦးထွန်းလွင်
ထွန်းလွင်
ဖောင်ဒေးရှင်းနဲ့ အန်ဂျီအို အဖွဲ့အစည်းတခုဖြစ်တဲ့ Ecodep တို့
ပူးပေါင်းပြီး ဧရာဝတီတိုင်းမှာ မိုးလေဝသနဲ့ သဘာဝဘေးအန္တရာယ်
သတင်းထုတ်ပြန်ရေးစခန်း တခု မတ်လမှာ စတင် ဆောင်ရွက်သွားမယ်လို့
ဦးထွန်းလွင်က ပြောပါတယ်။
မုံရွာ ဘူတာရုံအနီး စစ်ကျန်ဗုံး အမြောက်အများတွေ့ရှိ
Anonymous | 2/16/2012 08:44:00 PM |
မြန်မာ့သတင်း
မုံရွာမြို့ ၊ ဘူတာရုံအရှေ့ဘက် ချမ်းမြသာစည် ရပ်ကွက်၊
မီးရထားလိုင်းခန်းတွင် အိမ်သာကျင်းတူးရာမှ ဒုတိယကမ္ဘာစစ်ကျန်ဗုံး
အလုံးပေါင်း (၁၃၀)တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ဒုတိယ ကမ္ဘာစစ်ကျန်ဗုံးများအား တွေ့ရှိရစဉ်
ဒုတိယ ကမ္ဘာစစ်ကျန်ဗုံးများအား တွေ့ရှိရစဉ်
ပဲခူးတွင် မဇ္ဈိမလှိုင်း စတိတ်ရှိုး အခမဲ့ပြသ
Anonymous | 2/16/2012 08:38:00 PM |
မြန်မာ့သတင်း
ပဲခူးတိုင်း
ပဲခူးမြို့မှာ ဒီကနေ့ည နာမည်ကြီးအဆိုတော် ခင်မောင်တိုး ပါဝင်တဲ့
မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ စင်တင်ဖျော်ဖြေပွဲကို အခကြေးငွေ မယူဘဲ
ပြသမယ်လို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။
ရွှေမော်
ဓောဘုရားရဲ့ အနောက်ဘက်မုခ်ကကွင်းမှာ ကျင်းပမယ့် ဒီစတိတ်ရှိုးကို
အဆိုတော် ခင်မောင်တိုး၊ ကိုရဲလွင်၊ ကိုနေဝင်း၊
ကိုသားထွေးတို့နဲ့အတူ အမျိုးသမီးအဆိုတော် တော်တော်များများလည်း
သီဆိုဖျော်ဖြေမယ်လို့ ကြေညာထားတယ်လို့ ဆိုပါတယ်။
ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူရန် ညွှန်ကြားထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Anonymous | 2/16/2012 08:33:00 PM |
မြန်မာ့သတင်း
ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို
နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူသွားရန် ညွှန်ကြားထားကြောင်း
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက
ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော်
တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေး အဆို ဘဏ္ဍာရေးဝန်ကြီး ငြင်း
Anonymous | 2/16/2012 08:29:00 PM |
မြန်မာ့သတင်း
နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန်
သူရဦးရွှေမန်း၏ အဆိုကို ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်း က ငြင်းဆိုလိုက်ပြီး
ဝေးလံခေါင်သီသည့် ဒေသများမှ ဝန်ထမ်းသုံးသောင်းကျော်ကိုသာ ဒေသတွင်း
အသုံးစရိတ်နှုန်းထားများ တိုးမြှင့်ပေးရန်ရှိသည်ဟု လွှတ်တော်တက် အမတ်များက ပြောသည်။
"ဝန်ကြီးကတော့
ပေးရမယ့်လူဆိုတော့ ငြင်းတာပေါ့ဗျာ
ဒေါ်အောင်ဆန်းစုကြည် မတ်လဆန်းတွင် မန္တလေးသွားမည်
Anonymous | 2/16/2012 08:23:00 PM |
မြန်မာ့သတင်း
ဒေါ်အောင်ဆန်းစုကြည် လာမယ့် မတ်လဆန်းပိုင်းမှာ မန္တလေးကို
ပါတီစည်းရုံးရေး ခရီးထွက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ပြောပါတယ်။
ရန်ကုန်မှာ မိုးပျံနဲ့ မြေအောက် ရထားလိုင်း တည်ဆောက်ရေး လေ့လာနေ
Anonymous | 2/16/2012 08:18:00 PM |
မြန်မာ့သတင်း
ရန်ကုန်မြို့လယ်ရှိ ဆူးလေ စေတီတော်ပုံ ဖြစ်ပါသည်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဖြစ်နိုင်မယ့် နည်းလမ်းတွေကို နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ဆွေးနွေး ကြည့်နေတယ်လို့ မီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး(ဟောင်း)ဦးသန်းရွှေ ရဲ့  အမိန့်ကို နာခံစရာ မလိုတော့ပါဘူးလို့  ၀န်ကြီးဦးအောင်မင်း ပြောကြား
Anonymous | 2/16/2012 03:27:00 PM |
မြန်မာ့သတင်း
ဗိုလ်ချုပ်မှူးကြီးအဖြစ် နှစ် ၂၀ နီးပါး တန်ခိုးထွားခဲ့တဲ့ ဦးသန်းရွှေ စာဖတ်နေတယ် လို့ အစိုးရ၀န်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောလိုက်ကြောင်း Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။
ကျောင်းကနေခွာရမည့် ရွှေညဝါဆရာတော် သစ်ပင်အောက် သီတင်းသုံးမည်
Anonymous | 2/16/2012 03:24:00 PM |
မြန်မာ့သတင်း
ရွှေညဝါဆရာ
တော် ဘဒ္ဒန္တ ဦးပညာသီဟဟာ လာမယ့် ၁၉ ရက်နေ့ကျရင် လက်ရှိ
သီတင်းသုံးနေထိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီး
ကြည့်မြင်တိုင်မြို့နယ်တွင်းက သာဓု ပရိယတ္တိစာသင်တိုက်ကနေ
ထွက်ခွာမှာဖြစ်ပြီး မှော်ဘီမြို့နယ်က ခြံတခြံရဲ့ သစ်ပင်အောက်
သီတင်းသုံးမှာ ဖြစ်ပါတယ်။
OSS အဖွဲ့၏ ကား CIF ဈေးနှုန်းသတ်မှတ်ချက်အချို့ မှားယွင်းနေကြောင်း ဝေဖန်လာကြ Alphard အမျိုးအစားကားတစ်မျိုးတည်း၏ ဈေးကွဲလွဲမှုသည်ပင် နိုင်ငံအတွက်အခွန်ကျပ် ၁၀ ဘီလျံနစ်နာနိုင်
Anonymous | 2/16/2012 03:21:00 PM |
မြန်မာ့သတင်း
အနိမ့်ဆုံး
အမေရိကန်ဒေါ်လာ ၁၅၀၀၀ မှ ၂၀၀၀၀ အထိတန်ကြေးရှိပြီး နိုင်ငံတော်မှ အခွန် ကျပ်
၁၀ ဘီလျံဝန်းကျင်အထိ နစ်နာသွားနိုင်သည့် Toyota Alphard 2002အမျိုးအစားကား
Wednesday, February 15, 2012
ပြည်ပရောက်မြန်မာများ နိုင်ငံမဲ့မဖြစ်စေရဟု သူရဦးရွှေမန်း ပြောကြား
Anonymous | 2/15/2012 10:06:00 PM |
မြန်မာ့သတင်း
ပြည်သူု့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏
အထူးအကြံပေး ပုဂ္ဂိုလ်၊ ဒုတိယအတွင်းရေးမှူး ချုပ်မစ္စတာ ဗီဂျေနမ်ဘီးယား အား
ပြည်ထောင်စုလွှတ်တော် အဆောက်အအုံတွင် ယနေ့ နေ့လယ်ပိုင်းက လက်ခံတွေ့ဆုံ
ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာကို စီးပွားရေးအတွက်သာ မရှုမြင်ရန် တရုတ်အား ဒေါ်အောင်ဆန်းစုကြည် ပြော
Anonymous | 2/15/2012 10:00:00 PM |
မြန်မာ့သတင်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
တရုတ်ပြည်အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေး လုပ်ကွက် တခုအဖြစ်သာ
မရှုမြင်ရန် ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံ Guangdong အခြေစိုက် Southern People Weekly မဂ္ဂဇင်းနှင့်
အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။
Southern People Weekly မဂ္ဂဇင်း မျက်နှာဖုံး
ပဒိုမန်းငြိမ်းမောင်အမှုတွင် တာဝန်ရှိသူများ၏ ပြောကြားချက်သည် တရားရုံးကို မထီမဲ့မြင် ပြုလုပ်ဟုဆို
Anonymous | 2/15/2012 09:56:00 PM |
မြန်မာ့သတင်း

ပဒိုမန်း ငြိမ်း မောင်
ပဒိုမန်း
ငြိမ်းမောင်အမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့
ဂျာနယ်တွေမှာ ပြောဆိုချက်တွေဟာ တရားရုံးကို
မထီမဲ့မြင်ပြုလုပ်ချက်တွေ ဖြစ်တယ်လို့ ပဒိုမန်းငြိမ်းဘက်က
လိုက်ပါဆောင်ရွက်တဲ့ ဥပဒေအကြံပေး ဦးအောင်သိန်းက ဝေဖန်
ပြောဆိုလိုက်ပါတယ်။
စစ်တပ်လွှမ်းမိုးမှု လျှော့ချရေး လွှတ်တော်တွင်း ဆွေးနွေး
Anonymous | 2/15/2012 09:51:00 PM |
မြန်မာ့သတင်း
တပ်မတော်နှင့် ပြည်သူအကြား နားလည်မှု ပြန်လည် တည်ဆောက်၍ ပြည်သူ၏ ယုံကြည်
အားထားမှု ရယူနိုင်ရေးနှင့် ပတ်သက် ပြီး လွှတ်တော် ကိုယ်စားလှယ်များကဆွေးနွေး တောင်းဆိုကြကြောင်း သိရသည်။
စစ်တပ်၏ အခန်းကဏ္ဍ လွှမ်းမိုးကြီးစိုးနေခြင်းကို လျှော့ချပြီး
ပြည်တွင်းစစ်ရပ်စဲ၍ ပြည်ပရန် ကာကွယ်ရေး အတွက်သာ ဦး တည်ရေး၊ ကြည်း၊ ရေ၊ လေ
တပ်မတော်သုံးရပ် စလုံးကို တပြေးညီ ကျစ်လျစ်ခေတ်မီရေး စသည်တို့ကို
ကိုယ်စားလှယ်များက တင်ပြဆွေးနွေး ခဲ့ကြကြောင်း အမျိုးသား လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က ပြောသည်။
စင်ကာပူ စီးပွားရေးကုမ္ပဏီများ မြန်မာပြည်တွင် အခွင့်အလမ်းရှာ
Anonymous | 2/15/2012 09:46:00 PM |
မြန်မာ့သတင်း
မြန်မာပြည်မှာ
လာရောက်ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ချက်နဲ့ စင်ကာပူ
စီးပွားရေးကုမ္ပဏီ ၇၀ ကျော်က ကိုယ်စားလှယ်တွေ ၁၀၀ ကျော် ပါဝင်တဲ့
အဖွဲ့ဟာ အစိုးရ ရုံးစိုက်တဲ့ နေပြည်တော် ကို ရောက်နေပါတယ်။
ခရီးသွားဝန်
ဆောင်မှု ကုမ္ပဏီ၊ ငွေကြေးစီမံခန့်ခွဲမှုလုပ်ငန်း၊ ကုန်သွယ်ရေး၊
စက်မှုလုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မယ့်
စွမ်းအင်ကုမ္ပဏီတွေက ကိုယ်စားလှယ်တွေဟာ ဒီကနေ့ သမ္မတဦးသိန်းစိန်၊
ဝန်ကြီးဌာနတွေက အရာရှိတွေနဲ့ သီးခြား တွေ့ဆုံခဲ့တယ်လို့
သိရပါတယ်။
ဒေါ်စု မရမ်းကုန်းနဲ့လှည်းကူး မဲဆွယ် စည်းရုံးရေးဆင်း
Anonymous | 2/15/2012 09:36:00 PM |
မြန်မာ့သတင်း
ဓာတ်ပုံ ASSOCIATED PRESS
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှည်းကူး စည်းရုံးရေးခရီးစဉ်မှာ ပြည်သူလူထုကို မဲဆွယ်စည်းရုံးနေစဉ်။ ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၂။
ကြားဖြတ်ရွေးကောက်ပွဲအတွက်
မရမ်းကုန်းမြို့နယ်နဲ့ လှည်းကူးမြို့နယ်တွေကို ပါတီစည်းရုံးရေးခရီး ဒီကနေ့
သွားရောက်ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က -
လူထုတွေအနေနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆောင်ရွက်ချက်တွေကို
ကြည့်ပြီးတော့ - လစ်လပ် မဲဆန္ဒနယ်မြေအားလုံးမှာ NLD အနိုင်ရဖို့အတွက် - NLD
ကိုယ်စားလှယ်လောင်းတွေကို မဲပေးထောက်ခံကြဖို့ အတွက်
တိုက်တွန်းပြောဆိုသွားပါတယ်။
မြန်မာပြည်မှာ အထင်ကြီးစရာ အခြေအနေ တွေ့ခဲ့ရဟု ဂျိုးဇက်စတစ်ဂလစ် ပြော
Anonymous | 2/15/2012 09:30:00 PM |
မြန်မာ့သတင်း
မြန်မာပြည်ကို
စီးပွားရေးအကြံပေးဖို့ သွားရောက်ခဲ့တဲ့ ထင်ရှားတဲ့
စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ်က မြန်မာပြည်မှာ အရင်နဲ့မတူ
အထင်ကြီးလောက်စရာ အခြေအနေတွေကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

- ဂျိုးဇက်စတစ်ဂလစ်(ဓာတ်ပုံ-ရိုက်တာ)
မြန်မာသမ္မတ
ဦးသိန်းစိန်၊ အစိုးရပိုင်းက ဝန်ကြီးတွေ၊ အရပ်ဘက်
အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဂျိုးဇက်စတစ်ဂလစ်က အခုခရီးစဉ်မှာ
၂၀၀၉ ခုနှစ် ခရီးနဲ့ မတူတဲ့ တိုးတက်မှုတွေကို
တွေ့ခဲ့ရတဲ့အကြောင်း ဒီဗွီဘီနဲ့ သီးသန့် မေးမြန်းခန်းမှာ
ပြောပါတယ်။
တာချီလိတ်တွင် စိတ်ကြွဆေးပြား ၈ သန်းကျော်နှင့် လက်နက်များ ဖမ်းမိ
Anonymous | 2/15/2012 09:26:00 PM |
မြန်မာ့သတင်း
ရှမ်းပြည်အရှေ့ပိုင်း ထိုင်းနိုင်ငံ နယ်စပ်
တာချီလိတ်မြို့တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၈ သန်း ၇ သိန်းကျော်နှင့်
လက်နက်များကို တနင်္လာနေ့က ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့နယ်
မူးယစ်အာဏာပိုင် အသိုင်းအဝိုင်းထံမှ သိရသည်။
Subscribe to:
Posts (Atom)




